
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက အသက် ၁၈ နှစ်ကနေ ၂၁ နှစ်အတွင်းရှိတဲ့ လူငယ်တွေ နယ်စပ်ကို ဖြတ်သန်းပြီး နိုင်ငံခြားခရီးသွားလာခွင့် ကန့်သတ်ချက်တွေကို ရုပ်သိမ်းပေးဖို့ အစိုးရကို တောင်းဆိုခဲ့တယ်လို့ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော်က လူငယ်ကွန်ဖရင့်တခုမှာ ပြောပါတယ်။
“လောလောဆယ်မှာတော့ နယ်စပ်ဖြတ်သန်းခွင့်က အသက် ၁၈ နှစ်ထိပဲ ရှိသေးပြီး ၂၂ နှစ်အထိ တိုးဖို့ အဆိုပြုပါတယ်။ ဒါဆိုရင် ဖြတ်ကူးဖို့ ကန့်သတ်ချက်တွေ မရှိတော့ဘူး” လို့ ဇလန်းစကီးက သြဂုတ် ၁၂ ရက်မှာ ထုတ်ပြန်တဲ့ ဗီဒီယိုတခုထဲမှာ ပြောထားပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်ဝင်ရောက်ပြီးကတည်းက ယူကရိန်းအစိုးရဟာ အသက် ၁၈ နှစ်ကနေ ၆၀ နှစ်အထိ စစ်မှုထမ်းမယ့် အမျိုးသားတွေအတွက် နိုင်ငံခြားခရီးသွားလာခွင့် ကန့်သတ်ချက်တွေ ချမှတ်ခဲ့ပါတယ်။
Source: Reuters