
အမေရိကန်အခြေစိုက် နိုင်ငံစုံလုပ်ငန်းစုကြီး တက်စ်လာဟာ အိန္ဒိယမှာ သပိတ်မှောက်ဖို့ ဆော်ဩတာတွေကို ရင်ဆိုင်နေရပေမဲ့ သူ့ရဲ့ ဒုတိယ အရောင်းပြခန်းကို မြို့တော် နယူးဒေလီမှာ သြဂုတ် ၁၁ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။
စီးပွားရေးအမှုဆောင်တွေနဲ့ ၀န်ကြီးချုပ် နာရန်ဒြာမိုဒီကို ထောက်ခံသူတွေက အမေရိကန်ရဲ့ အခွန်ကောက်ခံမှုကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြဖို့ အမေရိကန်ဆန့်ကျင်ရေး သဘောထားတွေကို တို့မီးရှို့မီး လုပ်နေပါတယ်။
စည်းကြပ်ခွန်တွေ ကောက်ခံတာဟာ တက်စ်လာကို ဝယ်ဖို့ ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှု ရှိ၊ မရှိ မေးမြန်းရာမှာ ပလတ်စတစ် ခွဲစိတ်ဆရာဝန် ဘူမိကာ နာရန်က ပရီမီယံအဆင့် မော်တော်ယာဉ်ကို ဝယ်မယ်လို့ ပြောပါတယ်။
တခြား လာရောက်လည်ပတ်သူ အာတီရှေး ရှာမာက အိန္ဒိယစားသုံးသူတွေဟာ အမေရိကန်အပေါ် ခုခံမှုတချို့ကို ပြသဖို့ ကြိုးစားသင့်တယ်လို့ ပြောပါတယ်။
ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ ချမ်းသာကြွယ်ဝတဲ့ စားသုံးသူ အရွယ်အစား ကြီးထွားလာမှုအခြေခံကို ပစ်မှတ်ထားဖို့ အမြန်ချဲ့ထွင်လာတဲ့ အမေရိကန် ကုန်အမှတ်တံဆိပ်တွေအတွက် အဓိကစျေးကွက်တခု ဖြစ်လာနေပါတယ်။
Source: Reuters