
အီတလီနိုင်ငံ စစ္စလီကျွန်းရဲ့ ကမ်းရိုးတန်း အရှေ့ပိုင်းမှာရှိတဲ့ မီတာ ၃,၀၀၀ လောက်မြင့်တဲ့ အတ္တနာမီးတောင်ကနေ ဩဂုတ် ၁၀ ရက်မှာ ချော်ရည်တွေ စီးကျလာနေပြီလို့ အမျိုးသား ဘူမိရူပနဲ့ မီးတောင်ဗေဒဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။
မီးတောင်ရဲ့ တောင်ပိုင်း ဆင်ခြေလျှောမှာရှိတဲ့ မီးတောင်အူကြောင်းအသစ်က ပွင့်ထွက်သွားပြီး ချော်ရည်တွေ စီးကျလာတာလို့လည်း ပြောပါတယ်။
ပြာတွေ မှုတ်ထုတ်တာနဲ့ သိသာတဲ့ ငလျင်လှုပ်တာတွေ မရှိဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
မီးတောင်နားက ကာတာနီယာလေဆိပ်က ပုံမှန်လည်ပတ်နေဆဲ ဖြစ်ပေမဲ့ လေကြောင်းသွားလာရေး အတွက် လိမ္မော်ရောင်အဆင့် တပ်လှန့်သတိပေးချက်ကို အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
ဒီမီးတောင်ဟာ ဇွန်လအစောပိုင်းက နောက်ဆုံးထား ပေါက်ကွဲထားပြီး မီးတောင်ရဲ့ အရှေ့တောင်ဘက်က မီးတောင်အူကြောင်း အစိတ်အပိုင်း ပြိုကျပျက်စီးခဲ့ပါတယ်။
မီးတောင်ကနေ ပြာတွေ ရေငွေ့တွေကိုလည်း ကောင်းကင်ဆီ မှုတ်ထုတ်ခဲ့ပါတယ်။
အခုလောလောဆယ် ကမ္ဘာတလွှားမှာ မီးတောင် ၄၆ လုံး ပေါက်ကွဲနေပြီး တခြား နောက်ထပ် မီးတောင် ၆၈ လုံးက မပေါက်ကွဲသေးပေမဲ့ လှုပ်ရှားနေလို့ သတိပေးချက် ထုတ်ပြန်ထားရပါတယ်။
Source: Reuters


