Home
အားကစား
မန်ယူတိုက်စစ်မှူး ဟွိုက်လန်းအတွက် အီတလီထိပ်သီး ၂ သင်း ကမ်းလှမ်း
DVB
·
June 24, 2025
Photo: Action Images via Reuters/Matthew Childs

မန်ယူအသင်းဟာ တိုက်စစ်မှူး ဟွိုက်လန်းအတွက် အီတလီထိပ်သီးကလပ်အသင်း ၂ သင်းရဲ့ ကမ်းလှမ်းမှုတွေ လက်ခံရရှိထားတယ်လို့ သိရပါတယ်။ 

အသက် ၂၂ နှစ်ရှိ ဒိန်းမတ်တိုက်စစ်မှူးဟာ မနှစ်ကရာသီကမှ အက်တလန်တာကနေ ပေါင် ၇၂ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပေမဲ့ မန်ယူအသင်းက ပြန်လည်ရောင်းထုတ်ဖို့ ဆန္ဒရှိနေတာပါ။ 

လက်ရှိအချိန်မှာ အီတလီထိပ်တန်း ၂ သင်းဖြစ်တဲ့ အင်တာမီလန်နဲ့ နာပိုလီအသင်းတွေက ဟွိုက်လန်းကိုခေါ်ယူဖို့ အပြိုင်ကမ်းလှမ်းထားပြီး မန်ယူအသင်းဘက်က ပြောင်းရွှေ့ကြေး ပမာဏ ညှိနှိုင်းသွားဖို့ ရှိတယ်လို အီတလီသတင်းတွေမှာဖော်ပြပါတယ်။

မန်ယူအသင်းအနေနဲ့ ဟွိုက်လန်းအတွက် ပေါင်သန်း ၄၀  လောက် ရရှိမယ်ဆိုရင်ပဲ လက်လွှတ်နိုင်တယ်လို့  Dello Sport သတင်းမှာ ဖော်ပြပါတယ်။

လက်ရှိအချိန်မှာ နာပိုလီအသင်းကလည်း ကမ်းလှမ်းလာတာကြောင့် မန်ယူ အသင်းဘက်က ပြောင်းရွှေ့ကြေး ပိုပေးတဲ့အသင်းကို ရောင်းချဖို့ ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013