ထိုင်း-မြန်မာနယ်စပ်၊ တာခ်ရိုင်၊ မဲဆောက်မြို့၊ ထဆိုင်လွတ်တိုက်နယ် အိမ်တလုံးမှာ ထိုင်းစစ်ဆေး ရေးတပ်ဖွဲ့က မြန်မာနိုင်ငံသား ၃ ယောက်ထံကနေ ထိုင်းဘတ်ငွေ ငွေသား သိန်း ၄၆၀ သိမ်းဆည်းရမိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့တဘက်ကမ်းရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်နွှယ်တယ်လို့ သံသယရှိတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းလူမျိုးတွေရဲ့ တိုင်ကြားချက်အရ ဩဂုတ် ၈ ရက်မှာ ထိုင်းရဲတပ်ဖွဲ့က ရှာဖွေပုံစံနဲ့ သွားရောက် ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ မြန်မာနိုင်ငံသား အသက် ၆၇ နှစ်အရွယ် မောင်ဦး၊ အသက် ၅၄ နှစ်အရွယ် မောင်လောနဲ့ အသက် ၅၇ နှစ်အရွယ် နန်းထိဒါးတို့ဖြစ်ကြပြီး သူတို့ ၃ ယောက်ကို စစ်ဆေးမေးမြန်း အမှုဖွင့် အရေးယူနိုင်ဖို့ ထိုင်းအာဏာပိုင်တွေက ဆက်လက်လုပ်ဆောင်နေ တယ်လို့ သိရပါတယ်။