Home
နိုင်ငံတကာ
ထိုင်းတွင်  မိုးပိုရွာမည်ဟု သတိပေး
DVB
·
August 8, 2025
Photo: thainewsonline

ထိုင်းနိုင်ငံတဝန်းလုံးမှာ ဩဂုတ် ၇ ရက်မှ ၂၁ ရက်ထိ ၁၅ ရက်တာကာလအတွင်း မိုးပိုမိုရွာသွန်းမယ်လို့ ထိုင်းမိုးဇလဌာနက ဩဂုတ် ၇ ရက် မနက်မှာ ခန့်မှန်းထုတ်ပြန်ပါတယ်။

အထူးသဖြင့် ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း (အီဆန်ဒေသ)၊ ဘန်ကောက်နဲ့ အနီးတဝိုက် ဧရိယာတွေမှာ မိုးသည်းထန်ပြီး ရုတ်တရက် ရေကြီးမှုတွေ သတိထားဖို့ ထုတ်ပြန်ပါတယ်။

ဩဂုတ် ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ အနောက်တောင်မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး နေ့အပူချိန် ကျဆင်းမယ်၊ ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်း (ကျန်ထပူရီနဲ့ တရတ်) ခရိုင်တွေမှာ မိုးတိမ်ထူထပ်မယ်၊ ဘန်ကောက်နဲ့ အနီးတဝိုက်ဧရိယာ နေရာစိပ်စိပ်မှာ မိုးပိုရွာမယ်၊ တောင်ပိုင်းခရိုင်တွေမှာ နေရာကျဲကျဲနဲ့ မိုးရွာပြီး အန်ဒမန်ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမယ်၊ ငါးဖမ်းလှေနဲ့ လှေငယ်တွေ ကမ်းစပ်ကခွာရင် သတိထားဖို့ ထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၀  မှ  ၂၁ ရက် အတွင်းမှာတော့ အနောက်တောင်မုတ်သုံလေ တိုက်ခတ်ပြီး လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်မယ်၊ ဒါ့အပြင် အရှေ့မြောက်အရပ်က မုတ်သုံလေ တိုက်ခတ်မှာမို့ ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ိပုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ ဘန်ကောက် အနီးတဝိုက် ဧရိယာ တနိုင်ငံလုံးနီးပါး မိုးရွာသွန်းမယ်လို့ခန့်မှန်းပါတယ်။

တချို့ဒေသမှာ မိုးသည်းထန်မယ်၊ ပင်လယ်ပြင်မှာ လှိုင်းကြီးလေထန်မယ်၊ ရုတ်တရက် ရေကြီးမှုတွေ သတိထားရမယ်၊ အထူးသဖြင့် ညနေပိုင်းတွေဖြစ်တယ်၊ လမ်းချော်မှုတွေ သတိထားဖို့ ထိုင်းမိုးဇလဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Source: Thainews

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013