၈၈၈၈ အရေးတော်ပုံ ၃၇ နှစ်အထိမ်းအမှတ် သြစတြေးလျရောက် မြန်မာများဆန္ဒပြ (ဓာတ်ပုံ)
DVB
·
August 8, 2025
ရှစ်လေးလုံး ဒီမိုကရေစီရေး လူထုအရေးတော်ပုံ ၃၇ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဩဂုတ် ၈ ရက်မနက်က သြစတြေလျနိုင်ငံ၊ မြို့တော် ကင်ဘာရာရှိ စစ်အာဏာရှင် သံရုံးရှေ့မှာ မြန်မာ့အရေး လှုပ်ရှားသူတွေက သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။
ကင်ဘာရာမြို့က ဆန္ဒပြပွဲကို CRPH/NUG Support Group (Australia) မှ စီစဉ် ဆောင်ရွက်တာဖြစ်ပြီး တရုတ်သံရုံးရှေ့မှာလည်း သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲသို့ ကင်ဘာရာမြို့နဲ့ ဩစတြေးလျနိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ ပါဝင် တက်ရောက်ခဲ့ကြပါတယ်။