၈၈၈၈ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်နဲ့ စစ်တပ်ကကျင်းပမယ့် တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်လှုပ်ရှားမှုကို ဩဂုတ် ၈ ရက် ဒီနေ့မနက် ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ခေတ်အဆက်ဆက် မပြီးဆုံးသေးတဲ့ စစ်အာဏာရှင်အမြစ်ဖြုတ် ချေမှုန်းရေးခရီးကို ပြည်သူအားလုံး တစုတစည်းတည်း ပူးပေါင်းပါဝင်ပေးကြဖို့ ဖားကန့်ပြည်သူတွေက တောင်းဆိုပါတယ်။
ဒါ့အပြင် နွေဦးတော်လှန်ရေး အောင်မြင်တဲ့အထိ တနိုင်ငံလုံးက ပြည်သူတွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ကိုယ်တတ်နိုင်တဲ့နေရာမှပါဝင်ကြဖို့နဲ့ စစ်တပ်က ကျင်းပဖို့ကြံစဉ်နေတဲ့ တရားမဝင်ရွေး ကောက်ပွဲမှာ ပူးပေါင်းပါဝင်ခြင်းမပြုကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။