
နိုင်ငံရေးအဖွဲ့အစည်းအသီးသီးက ထောင်နဲ့ချီတဲ့လူတွေ၊ ကျောင်းသား တက်ကြွလှုပ်ရှားသူတွေ သြဂုတ် ၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့ လမ်းမတွေပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာစီနာ အာဏာရပြီးတဲ့နောက် ၁၅ နှစ်အကြာမှာ ရာထူးကနေ နုတ်ထွက်စေခဲ့တဲ့ အစုလိုက်အပြုံလိုက် လူထုအုံကြွမှုရဲ့ ပထမဆုံးနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဖြစ်ပါတယ်။
ပိုမိုကောင်းမွန်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကြွေးကြော်သံတွေ ကြွေးကြော်ရင်း ချီတက်ဆန္ဒပြသူတွေဟာ လက်ထဲမှာ အလံတွေ၊ နဖူးစည်းတွေ ကိုင်ဆောင်ပြီး နိုင်ငံရဲ့ သမိုင်းအလှည့်အပြောင်းတခုလို့ ခေါ်တဲ့ အထိမ်းအမှတ်ပွဲကို ချီတက်ခဲ့ကြပါတယ်။
“လူတွေက ဒီလို အာဏာရှင်သဘောထားတွေနဲ့ အလားအလာတွေကို ဘယ်တော့မှ မမြင်ရတာ သေချာစေချင်ပါတယ်” လို့ ၂၀၂၄ ခုနှစ် ဆန္ဒပြပွဲတွေမှာ မွေးဖွားခဲ့တဲ့ အမျိုးသားနိုင်ငံသားပါတီ (NCP) ရဲ့ ကုရှ်တီယာ ခရိုင်ခေါင်းဆောင် ယာဆာ အာရာဖတ်က ပြောပါတယ်။
ဟာစီနာ ရာထူးကနေဆင်းပြီး ၂၀၂၄ ခုနှစ် ဩဂုတ် ၅ ရက်မှာ အိန္ဒိယနိုင်ငံဆီ ထွက်မပြေးမီ နိုင်ငံတဝန်း ဆန္ဒပြမှုအတွင်း လူပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
ဒီလှုပ်ရှားမှုဟာ အစပိုင်းမှာ အစိုးရဝန်ထမ်း ရာထူးနေရာအတွက် ခွဲတမ်းပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုတွေကြောင့် ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။
Source: Reuters