Home
နိုင်ငံတကာ
အမေရိကန်၏တင်ပို့ခွန်တိုးမြှင့်မှု ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံပိုင်ရှင်များ မသက်မသာဖြစ်
DVB
·
July 10, 2025
Photo :Reuters

လာမယ့်လကစပြီး ဘယ်တင်ပို့ကုန်ကို မဆို အခွန် ၃၅ ရာခိုင်နှုန်း တိုးမြှင့်တယ်လို့ ကြေညာထားတဲ့စာကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဘင်္ဂလားဒေ့ရှ်အကြံပေး အရာရှိချုပ်ဆီပေးပို့ခဲ့အပြီး ဇူလိုင် ၈ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အသင့်ဝတ်ချုပ်ထည်တွေ ထုတ်တဲ့ အထည်ချုပ်စက်ရုံ (RMG) ပိုင်ရှင်တွေကြားမှာ အချက်ပေးသံ ထွက်လာခဲ့ပါတယ်။

RMG အသင့်ဝတ်အထည်တွေကို တရုတ်နိုင်ငံပြီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံး တင်ပို့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဒေါ်လာ ၄၀ ဘီလီယံနီးပါး တန်တဲ့ ကမ္ဘာ့အ၀တ်အထည် ဈေးကွက်မှာ ယှဉ်ပြိုင်ဖို့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဗီယက်နမ်တို့ရဲ့  ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို ရင်ဆိုင်နေရပါပြီ။

စျေးကွက် လေးပုံ တပုံက အမေရိကန် တနိုင်ငံတည်းကနေ လာတာပါ။ ဗီယက်နမ်ကို အမေရိကန်အစိုးရက အခွန် ၂၀ ရာခိုင်နှုန်း တိုးပေးခဲ့ပေမဲ့ ဘင်္ဂလားဒေ့ရှ် ကုန်ထုတ်လုပ်သူတွေဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အမေရိကန်အရာရှိတွေကြား ကုန်သွယ်ရေး ညှိနှိုင်းမှု ရလဒ်ကို စိတ်အားထက်ထက်သန်သန်နဲ့ စောင့်မျှော်နေကြပါတယ်။

အမေရိကန် အမှတ်တံဆိပ်တွေအတွက် ထုတ်လုပ်တဲ့ စက်ရုံပိုင်ရှင်အများအပြားဟာ အခွန်စည်းကြပ်မှုကို ရှောင်ဖို့ ဇူလိုင်လကုန်မှာ အပြီးအစီး တင်ပို့နိုင်ရေး အရှိန်မြှင့်ဆောင်ရွက် နေကြပါတယ်။

အခွန်တိုးကောက်တာဟာ စက်ရုံပိတ်တာနဲ့ အစုလိုက်အပြုံလိုက် အလုပ်ပြုတ်တာတွေ ဖြစ်နိုင်တယ် လို့ တချို့က သတိပေးပါတယ်။

နှစ်နိုင်ငံအကြား ကုန်သွယ်ရေး မညီမျှမှုကို အပြန်အလှန်အကျိုးရှိစေရေး ကိုင်တွယ်ဖြေရှင်း ရမယ်လို့ ဒေါ်နယ်ထရမ့်ပ်က သူ့စာထဲမှာ ပြောပေမဲ့ အခွန်စည်းကြပ်မှုကို ပြန်ညှိနှိုင်းဖို့ ဖြစ်နိုင်ခြေကို ချန်ထားခဲ့ ပါတယ်။

ဧပြီလမှာ ထရမ့်ပ် အစိုးရက အမေရိကန်ဆီ ဘင်္ဂလားဒေ့ရှ် ပို့ကုန်တွေအပေါ် အခွန် ၃၇ ရာခိုင်နှုန်း ချမှတ်ခဲ့ပါတယ်။ 

အကြံပေးအရာရှိချုပ် မူဟမ်မဒ် ယူနွတ်ဆီက တရားဝင်တောင်းဆိုချက် အပြီးမှာ နိုင်ငံရဲ့ အဓိက ပို့ကုန်ကဏ္ဍအတွက် ယာယီသက်သာ ခွင့်ကို ရက် ၉၀ ခွင့်ပြုပေးခဲ့ပါတယ်။

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013