Home
မြန်မာသတင်း
ဒေါ်လာငွေလဲနှုန်းကျဆင်းချိန် ဗဟိုဘဏ် ဒေါ်လာထပ်မံထုတ်ရောင်း
DVB
·
August 5, 2025

ဒေါ်လာနဲ့ လောင်စာဆီ ဈေးထိန်းဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီ ဗဟိုဘဏ်က ဒီနေ့  ဩဂုတ် ၅ ရက်မှာ စက်သုံးဆီ ကဏ္ဍအတွက် မေရိကန်ဒေါ်လာသန်း ၃၀ ထုတ်ရောင်းမယ်လို့ ကြေညာခဲ့ပါတယ်။

ဒါ့အပြင် ဩဂုတ် ၄ရက်ကလည်း သွင်းကုန် လုပ်ငန်းတွေအတွက် တရုတ်ယွမ် ၁၀ သန်း နဲ့ ထိုင်းဘတ် သန်း ၅၀ ထုတ်ရောင်းချပေးမယ်လို့  ကြေညာချက် ထုတ်ခဲ့ပါသေးတယ်။

ပြည်တွင်းဈေးကွက်ထဲ ဒေါ်လာငွေလဲနှုန်း အနည်းငယ် ပြန်လည်ကျဆင်းလာချိန်မှာ စစ်ကောင်စီ ‌ဗဟိုဘဏ်က အခုလို ဒေါ်လာ‌တွေ ထပ်မံထုတ်ရောင်းဖို့ စီစဉ်တာ ဖြစ်ပါတယ်။

မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်းဟာ ၄,၄၇၀ ကျော်ကနေ ၄,၄၀၀ ဝန်းကျင်ကို ထပ်မံကျဆင်းနေပါတယ်။

လက်ရှိ ဗဟိုဘဏ်ရဲ့ FX Market Online Trading Platform မှာ နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်နေတဲ့ ဈေးနှုန်းကတော့ အမေရိကန် တဒေါ်လာကို ၃၆၂၂ ကျပ်၊ တရုတ်ငွေ တယွမ်ကို ၅၅၃ ဒသမ ၆၅ ကျပ်နဲ့ ထိုင်းတစ်ဘတ်ကို ၁၃၄ ဒသမ ၄၀ ကျပ် ဖြစ်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်ရေးအတွက် သွင်းကုန်လုပ်ငန်းရှင်တွေရဲ့ ဒေါ်လာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ Online Trading Platform ကို အသုံးပြုပြီး ဒေါ်လာထုတ်ရောင်းမှုတွေ ဆက်တိုက် ပြုလုပ်နေတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း စက်သုံးဆီ ကဏ္ဍအတွက် ဗဟိုဘဏ်ရဲ့ ဒေါ်လာ ထုတ်ရောင်း‌မယ့် ကြေညာချက် ၅ ကြိမ်အထိ ထွက်ခဲ့ပြီး စုစုပေါင်း ထုတ်ရောင်းခဲ့တဲ့ ဒေါ်လာပမာဏ သန်း ၁၅၀ ကျော်အထိ ရှိခဲ့ပါတယ်။

ဇွန်လအတွင်းကလည်း ဒေါ်လာ ၁၂၅ သန်းကို စက်သုံးဆီလုပ်ငန်းတွေအတွက် ၄ ကြိမ်ခွဲ ရောင်းချခဲ့တာကို ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013