Home
နိုင်ငံတကာ
ဘိုးရင်းဝန်ထမ်း ၃,၀၀၀ ကျော် ဆန္ဒပြ
DVB
·
August 5, 2025
Photo: REUTERS/Lawrence Bryant

အမေရိကန်ပြည်ထောင်စု၊ စိန့်လူးဝစ်နဲ့ အီလီနွိုက်ပြည်နယ်တို့မှာ ဘိုးရင်းရဲ့ ဂျက်တိုက်လေယာဉ်တွေ တပ်ဆင်တဲ့ သမဂ္ဂအဖွဲ့ဝင် ဝန်ထမ်း ၃,၂၀၀ ကျော်ဟာ ဒုတိယအကြိမ် စာချုပ်ကမ်းလှမ်းမှုကို ပယ်ချပြီးတဲ့နောက် သြဂုတ် ၄ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဘိုးရင်းကာကွယ်ရေးလုပ်ငန်းက အလုပ်ရပ်နားဖို့ အဆင်သင့်ဖြစ်နေပြီး အလုပ်ကြမ်းသမား မဟုတ်တဲ့ အလုပ်သမားတွေကို သုံးမယ့် အရေးပေါ်အစီအစဉ်ကို အကောင်အထည်ဖော်သွားမယ်လို့ ပြောပါတယ်။

ပယ်ချခံရတဲ့ ၄ နှစ်စာချုပ်ထဲမှာ ပျမ်းမျှလုပ်အားခကို အကြမ်းဖျင်း ၄၀ ရာခိုင်နှုန်း တိုးပေးမှာဖြစ်ပြီး အထွေထွေလုပ်ခ ၂၀ ရာခိုင်နှုန်း တိုးခြင်းနဲ့ အသိအမှတ်ပြု ဘောနပ်စ် ဒေါ်လာ ၅,၀၀၀ ပါတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

အချိန်အခါအလိုက် လစာတိုးပေးခြင်း၊ အားလပ်ရက် အချိန်ပိုနဲ့ ဖျားနာခွင့်တွေလည်း ပါပါတယ်။

စက်ပြင်ဆရာတွေနဲ့ လေကြောင်းလုပ်သားများဆိုင်ရာ နိုင်ငံတကာအသင်း District 837 ရဲ့ အဖွဲ့ဝင်တွေက နိုင်ငံရဲ့ ကာကွယ်ရေးမှာ ကျွမ်းကျင်မှု၊ အပ်နှံမှုနဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ထင်ဟပ်တဲ့ စာချုပ်တခု ရထိုက်တယ်လို့ District 837 အကြီးအကဲ တွမ်ဘိုးလင်းက သတင်းထုတ်ပြန်ပါတယ်။

ဘိုးရင်းရဲ့ အမှုဆောင်အရာရှိချုပ် ကယ်လီအော့ထ်ဘာ့ဂ်က ဒုတိယသုံးလပတ်ဝင်ငွေတွေ အကြောင်း အင်္ဂါနေ့မှာ လေ့လာသူတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ သပိတ်မှောက်မှုရဲ့ အကျိုးသက်ရောက်မှုကို သူက ဘေးချိတ်ဖို့လည်း ကြိုးစားခဲ့ပါတယ်။

ဘိုးရင်းကုမ္ပဏီဟာ အနောက်မြောက်ဘက်မှာ စီးပွားဖြစ် ဂျက်လေယာဉ်တွေ အစင်းရေ ၃၃,၀၀၀  တည်ဆောက်ခဲ့တဲ့ District 751 အဖွဲ့ဝင်တွေရဲ့ မနှစ်ကစပြီး သီတင်းပတ် ၇ ပတ်ကြာ သပိတ်မှောက်ခဲ့တာကို ရင်ဆိုင်နေရပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013