
ယူကရိန်း မောင်းသူမဲ့လေယာဉ်ထုတ်လုပ်ရေး အလုပ်ရုံတွေနဲ့ တာဝေးပစ် ဒရုန်းထိန်းချုပ်ရေးစခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှားနိုင်ငံက စနေနေ့မှာ ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေကလည်း ရုရှားနိုင်ငံထဲက ရေနံချက်စက်ရုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ယူကရိန်းအရှေ့ပိုင်းက ဒန်ညက်စ်ဒေသမှာ နောက်ထပ်ရွာတရွာကို ရုရှားတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နေ့စဉ်အစီရင်ခံစာထဲမှာ စနေနေ့က ပြောပါတယ်။
ရုရှဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း စူမွေ၊ ခါခိဗ်နဲ့ ဒန်ညက်စ်ဒေသတို့ကို ဦးတည်ရာ လမ်းကြောင်းအတိုင်း ချေမှုန်းခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
ဒါ့အပြင် ရုရှရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်က ပဲ့ထိန်းဗုံးတလုံးနဲ့ ယူကရိန်းဒရုန်း ၃၃၈ စင်းတို့ကို ပစ်ချခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်က သူ့တပ်ဖွဲ့တွေဟာ ရေနံချက်စက်ရုံနဲ့ ရေနံသိုလှောင်ရုံအပါအဝင် ရုရှားနိုင်ငံထဲက ပစ်မှတ်အများအပြားကို တိုက်ခိုက်ခဲ့တယ်လို့ စနေနေ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနေ့မှာပဲ ယူကရိန်းဒရုန်းတွေက ရုရှားနိုင်ငံအနောက်တောင်ပိုင်းက ခရက်စ်နိုဒါ ခရိုင်နဲ့ အနောက်တောင်ပိုင်းဒေက ပန်ဇာမြို့က အီလက်ထရွန်နစ် စက်ရုံတရုံတို့ကို ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်း လုံခြုံရေးဌာန (SSU) က ပြောပါတယ်။
စနေနေ့မွန်းလွဲပိုင်းမှာ ယူကရိန်းမြို့တော် ကိယက်ဗ် အပါအဝင် ယူကရိန်းတဝန်း လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ ဥသြသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။
Source: Reuters