
တရုတ်-ရုရှား ၂၀၂၅ ပူးတွဲပင်လယ်စစ်ရေးလေ့ကျင့်မှုကို ရုရှားနိုင်ငံရှိ ဗလာဒီဗိုစတော့ရဲ့ စစ်တပ်ပိုင် ဆိပ်ကမ်းမှာ ဩဂုတ် ၁ ရက်မှ ၅ ရက်အထိ ပြုလုပ်နေပါတယ်။
ဒီလို ပူးတွဲစစ်ရေးလေ့ကျင့်တာက အနောက်ပစိဖတ်ဒေသလုံခြုံရေးခြိမ်းခြောက်မှုကို တုံ့ပြန်ဖို့နဲ့ မဟာဗျူဟာမြောက်လုံခြုံရေးတွေကို ထိန်းသိမ်းဖို့ ရည်ရွယ်တာပါ။
ပူးတွဲစစ်ရေးလေ့ကျင့်မှု မစမီ နှစ်နိုင်ငံစလုံးက ဒါရိုက်တာတွေက အသီးသီးအဖွင့် မိန့်ခွန်းပြောခဲ့တာမှာ အနာဂတ်စစ်ပွဲခြိမ်းခြောက်မှုနဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေတွေအောက်မှာ ပိုကောင်းတဲ့အတွေ့အကြုံတွေ စုစည်းရမယ်လို့ ပါရှိပါတယ်။
၂ နိုင်ငံရဲ့ တပ်ဖွဲ့တွေဟာ လေ့ကျင့်ခန်းတွေကို အဓိက အာရုံစိုက်မှာဖြစ်ပြီး ဆက်သွယ်ဆောင်ရွက်ရေးအဆင့် တိုးတက်ဖို့၊ အပြန်အလှန်အားဖြည့်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုတိုးတက်အောင် ဆောင်ရွက်ဖို့နဲ့ ၂ နိုင်ငံ ရေတပ်တွေ ပူးတွဲ လေ့ကျင့်ရေးတို့ ပြုလုပ်မယ်လို့ လေ့ကျင့်ရေးခေါင်းဆောင်တွေဖြစ်တဲ့ ဒါရိုက်တာ ၂ ယောက်က ပြောပါတယ်။
အဲ့ဒီဖွင့်ပွဲအခမ်းအနားအပြီးမှာ ၂ နိုင်ငံစလုံးက ကွန်မန်း စင်တာတွေမှာ ပူးတွဲ လုပ်ဆောင်ခဲ့ပါတယ်။ ဒီလို ပူးတွဲလေ့ကျင့်မှုတွေအပြီးမှာ ပစိဖတ်သမုဒ္ဒရာအတွင်း ကင်းလှည့်မှုတွေလည်း ပူးတွဲ လုပ်ဆောင်ခဲ့ပါတယ်။
စစ်ရေးလေ့ကျင့်မှုမှာ ၂ နိုင်ငံစလုံးရဲ့ ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေနဲ့ လေယာဉ်တွေ ပါဝင်မှာဖြစ်တယ်လို့ အစောပိုင်းကတည်းက ကြေညာထားပါတယ်။
တရုတ်-ရုရှားရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ ၂၀၁၂ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ၁၁ ကြိမ်မြောက် ပင်လယ်အတွင်း ပူးတွဲ လေ့ကျင့်မှုလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေဟာ လေယာဉ် ၄၀၀ တပ်သား ၁၂,၀၀၀ အသုံးပြုပြီး ဒေသတွင်း အကြီးဆုံး ရေကြောင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ဖူးပါတယ်။
Source: Reuters