
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က အရေးပေါ်အခြေအနေကို ရုပ်သိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ဖို့ ဆန္ဒရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၃၁ ရက်က ပြောပါတယ်။
တရုတ်နိုင်ငံဟာ ပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ရေးမူကို လိုက်နာထားပြီး မြန်မာနိုင်ငံက ပါတီအားလုံးရဲ့ လိုအပ်ချက်တွေနဲ့အညီ ငြိမ်းချမ်းရေးကို မြှင့်တင်ရာမှာ တက်တက်ကြွကြွ ဆက်လက်လုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိုကျားကွန်းက ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အနီးကပ် အိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထားပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ရရှိဖို့ မြန်မာရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အမြဲတမ်း ထောက်ခံအားပေးခဲ့ပါတယ်လို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အမျိုးသားရေးအခြေအနေတွေနဲ့အညီ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းအတွက်နဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်း နိုင်ငံရေးလုပ်ငန်းစဉ်တွေ တည်ငြိမ်စွာ တိုးတက်ရေးတို့အတွက် တရုတ်နိုင်ငံက ပံ့ပိုးကူညီပေးနေတယ်လို့လည်း ဆိုပါတယ်။
မတူကွဲပြားမှုတွေကို နိုင်ငံရေးနည်းလမ်းနဲ့ သင့်တော်မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် မြန်မာနိုင်ငံရှိ ပါတီတွေနဲ့ အစုအဖွဲ့တွေအားလုံးက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေတွေကို လက်ခံကျင့်သုံးမှုကို တရုတ်နိုင်ငံက ကြိုဆိုပါတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိုကျားကွန်းက ပြောဆိုခဲ့ပါတယ်။
အာဏာသိမ်းစစ်အုပ်စုက ဇူလိုင် ၃၁ ရက်မှာ ကာလုံအစည်းအဝေးခေါ်ယူပြီး အရေးပေါ်ကာလ ကြေညာထားတာကို ရုပ်သိမ်းကာ စစ်ကောင်စီကို ဖျက်သိမ်းခဲ့ပါတယ်။
Source: Reuters