
အခွန်ကောက်ခံမှုကနေ ရရှိတဲ့ အမြတ်ငွေတွေကို နိုင်ငံသားတွေဆီ ပေးဖို့ စဉ်းစားနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
ထရမ့်ပ်ဟာ သမ္မတအဖြစ် ဒုတိယအကြိမ် တာဝန် ထမ်းဆောင်ချိန်ကတည်းက အမေရိကန်နဲ့ ကုန်သွယ်ဘက်နိုင်ငံတွေကို အခွန်ကောက်ဖို့ ပြလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီလို အခွန်ကောက်တာက အမေရိကန်ရဲ့ ကြွေးမြီကို ပြန်ဆပ်နိုင်ဖို့ အကူအညီ ဖြစ်စေမှာဖြစ်ပြီး ငွေကြေးဖောင်းပွမှုကို ကျဆင်းစေမယ်လို့ ထရမ့်ပ်က ပြောပါတယ်။
“အခွန်ကောက်ခံမှုနဲ့ပတ်သက်ပြီး လူအများစုကတော့ ဒီကရတဲ့ အမြတ်တွေကို နိုင်ငံသားတွေဆီ ပြန်လည် ခွဲဝေပေးစေချင်မှာပါ။ ဒီအချက်ကိုလည်း ကျတော် စဉ်းစားပါတယ်။ ကျနော်ကတော့ အကြွေးကျေအောင် ဆပ်ချင်ပါတယ်။ ဒါပေမဲ့ အမြတ်ငွေတွေကို နိုင်ငံသားတွေဆီ ခွဲပေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။”
ထရမ့်ပ်ရဲ့ နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ အခွန်စည်းကြပ်မှုထဲမှာ ကနေဒါနိုင်ငံက ၃၅ ရာခိုင်နှုန်း၊ ဘရာဇီးက ၅၀ ရာခိုင်နှုန်း ၊ အိန္ဒိယက ၂၅ ရာခိုင်နှုန်း၊ ထိုင်ဝမ်က ၂၀ ရာခိုင်နှုန်း နဲ့ ဆွစ်ဇာလန်နိုင်ငံက ၃၉ ရာခိုင်နှုန်းတို့ ပါဝင်ပါတယ်။
ထရမ့်ပ်က ဆွစ်ဇာလန်တာဝန်ရှိသူတွေနဲ့ သူစကားပြောခဲ့ပြီး ကုန်သွယ်ရေးလိုငွေပြမှု ဒေါ်လာ ၄၀ ဘီလီယံက ပြဿနာလို့ ပြောပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံဟာ ရုရှားနိုင်ငံဆီက ရေနံ ဝယ်ယူနေမှုကိုလည်း ရပ်တန့်တော့မယ့် အကြောင်း သူကြားထားတယ်လို့ ထရမ့်ပ်က ပြောပါတယ်။
Source:Reuters