Home
နိုင်ငံတကာ
အခွန်ကိစ္စ အချိန်မရွေးဖုန်းခေါ်နိုင်ဟု ဘရာဇီးသမ္မတကို  ထရမ့်ပ်ပြော
DVB
·
August 2, 2025
Photo :Reuters

ဘရာဇီးသမ္မတလူလာအနေနဲ့  ၂ နိုင်ငံကြား ကိစ္စတွေနဲ့ အခွန်ကိစ္စတွေကို ဆွေးနွေးဖို့ အချိန်မရွေး ဖုန်းခေါ် နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။

ထရမ့်ပ်က “ဘရာဇီးသမ္မတက သူဆန္ဒရှိမယ်ဆိုရင် အချိန်မရွေး ကျနော့်ကို ဖုန်းခေါ်နိုင်ပါတယ်” လို့  အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။ 

ဘရာဇီးကို အုပ်ချုပ်တဲ့ သူတွေက မှားယွင်းတာတွေ လုပ်ခဲ့ပါတယ်လို့လည်း ထရမ့်ပ်က ထပ်မံပြောဆိုထားပါတယ်။ 

ထရမ့်ပ်က သတင်းထောက်တွေနဲ့ တွေ့ချိန်မှာ အခုလို ပြောဆိုခဲ့တာက ကောင်းကြောင်း ဘရာဇီး ဘဏ္ဍာရေးဝန်းကြီးက ပြောဆိုခဲ့ပြီး ဘရာဇီးသမ္မတကလည်း အမေရိကန်သမ္မတရဲ့ ဖုန်းခေါ်ဆိုမှုကို လက်ခံဖို့ ဆန္ဒရှိမှာ ဖြစ်ကြောင်း ပြောပါတယ်။ 

ဘရာဇီးဘဏ္ဍာရေးဝန်ကြီး ဖာနန်ဒိုဟတ်ဒတ်က “ထရမ့်ပ်ရဲ့‌ ပြောကြားချက်ဟာ ကောင်းမွန်တယ်လို့ ကျနော်ထင်ပါတယ်။ အပြန်အလှန်အနေနဲ့ ဘရာဇီးသမ္မတကလည်း ထရမ့်ပ်ဆီက ဖုန်းခေါ်ဆိုမှုကို လက်ခံဖို့ ဆန္ဒရှိနေမှာပါ။ ကျနော် ပြောခဲ့သလို ကျနော်တို့ဟာ ဆွေးနွေးမှုတွေအတွက် ပြင်ဆင်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒီနေ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးနဲ့ ကျနော်ထပ်ပြီး ဆက်သွယ်ခဲ့ပါတယ်။ လာမယ့်အပတ်မှာ ကျနော်တို့ တွေ့ဆုံဖို့ပါ။ ဒီလို ရှည်ကြာတဲ့ အစည်းအဝေးပွဲက ဘရာဇီးနိုင်ငံအပေါ် အမေရိကန်က တဖက်သတ်ဆုံးဖြတ်မှုတွေကို ပိုပြီး အာရုံစိုက်နိုင်ခဲ့ပါတယ်။ ကျနော်တို့ ကိစ္စတွေအားလုံးနဲ့ ပတ်သက်လို့ အပြန်အလှန်ဖလှယ်မှုတွေ ပြုလုပ်နိုင်မှာပါ”လို့ ပြောပါတယ်။ 

ဘရာဇီးသမ္မတ လူလာရဲ့ ဆိုရှယ်မီဒီယာ X မှာ ဘရာဇီးနိုင်ငံဟာ ဆွေးနွေးဖို့ အမြဲတမ်း တံခါးဖွင့်ထား ကြောင့် ပို့စ်တင်ထားပါတယ်။

ထရမ့်ပ်ဟာ ဘရာဇီးနိုင်ငံကို ကင်းလွတ်ခွင့်အများအပြားအပါအဝင် အခွန် ၅၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ 

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024