
ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လူငယ်ညီလာခံကို တရုတ်မြို့တော်ပေကျင်းမှာ ဇူလိုင် ၂၉ ရက်က ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာတဝန်းက လူငယ်ကိုယ်စားလှယ်တွေက စည်းလုံးညီညွတ်ကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
“ငြိမ်းချမ်းရေးအတွက် အတူတကွ” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ညီလာခံကို တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ နိုင်ငံရပ်ခြား ချစ်ကြည်ရေးအသင်း၊ တရုတ်ပြည်လုံးဆိုင်ရာ လူငယ်ဖက်ဒရေးရှင်းတို့က ပူးတွဲကျင်းပခဲ့တာပါ။
အဲဒီနေ့မှာပဲ တရုတ်သမ္မတ ရှီကျင့်ဖျင်က အခမ်းအနားအတွက် သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ အခုနှစ်ဟာ ကမ္ဘာ့ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်မြင်မှု နှစ် ၈၀ ပြည့် နှစ်ပတ်လည်ဖြစ်တယ်လို့ ရှီက ပြောပါတယ်။
ကမ္ဘာတဝန်းက ပြည်သူတွေနဲ့အတူ ဖက်ဆစ်ဝါဒကို လုံးဝချေမှုန်းပြီး နှစ်ပေါင်း ၈၀ က သွေးထွက်သံယို စစ်ပွဲတွေကနေတဆင့် ငြိမ်းချမ်းရေး ရယူခဲ့တယ်လို့ ရှီက ပြောပါတယ်။
ကမ္ဘာတဝန်းက ထောင့်ပေါင်းစုံက လူငယ် ၃,၀၀၀ ကျော်ဟာ ငြိမ်းချမ်းရေးကို ကာကွယ်ဖို့နဲ့ ရာသီဥတု ဖောက်ပြန်မှုလို ခြိမ်းခြောက်မှုတွေကို တွန်းလှန်ဖို့ ပေါင်းစည်းရေး ကတိပြုရင်း ပေကျင်းမှာ စုဝေးခဲ့ကြပါတယ်။
အခမ်းအနားမှာ ကမ္ဘာ့လူငယ် ငြိမ်းချမ်းရေးဖော်ဆောင်မှု အသစ်ကို ထုတ်ဖော်ပြသခဲ့ပြီး အနာဂတ်ကို ပုံဖော်ဖို့ ကမ္ဘာတဝန်းက လူငယ်တွေ စည်းလုံးညီညွတ်မှုရှိရှိ ဆောင်ရွက်ကြဖို့ တောင်းဆိုခဲ့ပါတယ်။
လူငယ်ကိုယ်စားလှယ်တွေက မျိုးဆက်အလိုက် ထမ်းဆောင်ရမယ့် တာဝန်တွေကို နားလည်သဘောပေါက်ပြီး “ငြိမ်းချမ်းရေးကို ထိန်းကျောင်းပြီး စည်းလုံးညီညွတ်မှုကို ထိန်းထားမှသာလျှင် လူသားမျိုးနွယ်ဟာ ပိုတောက်ပတဲ့ အနာဂတ်ကို ဖော်ဆောင်နိုင်တယ်” လို့ ပဏာမခြေလှမ်းမှာ ဖော်ပြထားပါတယ်။
Source: Reuters