Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရ
DVB
·
July 25, 2025

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ဗိုလ်ခရင်းတပ်ဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၂၃ ရက် နေ့လယ် ၂ နာရီဝန်းကျင်လောက်မှာ အင်အား ၁၀ ယောက် ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့က မိုင်းတလုံးဆွဲ တိုက်ခိုက်ခဲ့တာပါ။

ဗိုလ်ခရင်းတပ်ဖွဲ့ရဲ့ ရဲဘော်တဦးက “ရမ်းဖိုရွာအနီးနားမှာ စကစဘက်က တပ်သား အင်အား ၅၀ လောက် တပ်ဖြန့်ထားတယ်။ ကာကင်းလာယူတဲ့ စကစတပ်သား ၁၀ ဝန်းကျင်ကိုတော့ မိုင်းဆွဲပြီး လက်နက်ငယ်နဲ့ ပစ်ခတ်သေးတယ်။ ကျနော်တို့ဘက်က မျက်မြင်နဲ့ စတင်ပစ်ရတော့ သူတို့ဘက်က ပြန်ပစ်တာမျိုးမရှိဘူး” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို အတိအကျမသိရပေမဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှုမရှိဘူးလို့ ဗိုလ်ခရင်းတပ်ဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၂၁ ရက် ညနေပိုင်းလောက်ကလည်း တနင်္သာရီမြို့မှ မြိတ်မြို့ဘက်ကိုသွားတဲ့ အင်အား ၄၀ ပါ စစ်ကားတစီးကို ရမ်းဖိုရွာ၊ ကမ်းပါးနီအနီးမှာ မိုင်းဆွဲတိုက်ခိုက်သေးတယ်လို့ မြေပြင်ရှိ ရဲဘော်တွေဆီက သိရပါတယ်။

တနင်္သာရီမြို့နယ်၊ သိန်ခွန်းတိုက်ပွဲမှာ စစ်ကူပေးနေတဲ့ စစ်ကောင်စီစစ်ကားတွေနဲ့ အဆိုပါစစ်ကားကို လုံခြုံရေးယူပေးနေတဲ့ ရမ်းဖိုရွာအနီးက မြေပြင်စစ်ကြောင်းတွေကို ဒေသတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က မိုင်းဆွဲတိုက်ခိုက်တာတွေ၊ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013