Home
မြန်မာသတင်း
နတ်အိမ်တောင်စခန်းကို စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ အရာရှိအပါအဝင် ၄ ဦး သေဆုံး
DVB
·
July 17, 2025

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ နတ်အိမ်တောင်စခန်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ပူးပေါင်းစစ်ကြောင်းကို KNLA) ပူးပေါင်းအဖွဲ့ဘက်က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ယောက် လက်နက်နဲ့တကွ ဖမ်းဆီးရမိတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

ဇူလိုင် ၁၁ ရက်နဲ့ ၁၂ ရက်နေ့မှာ နတ်အိမ်တောင်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗိုလ်မှူး အောင်ကိုဟိန်း အပါအဝင် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ပြီး သေနတ် ၂ လက် သိမ်းဆည်းရမိတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဆီက သိရပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ အဆိုပါစစ်ကြောင်းကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထပ်မံတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့တကွ စစ်ကောင်စီတပ်သား ၄ ယောက် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက “စကစရဲ့ ပူးပေါင်းစစ်ကြောင်းက အင်အား ၅၀ ကနေ ၁၀၀ ကြား ခန့်မှန်းတယ်။ အခုလက်ရှိမှာတော့ စကစစစ်ကြောင်း ပြန်ဆုတ်ပေမဲ့ သူတို့ ပြန်ပြီး ထိုးစစ်ပြန်ဆင်မလားဆိုတာ မသိရသေးဘူး” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ မိုင်းထိဒဏ်ရာရနေတဲ့ စစ်သားတယောက်ကို စစ်ကောင်စီတပ်က လက်နက်တွေ ပြန်သိမ်းသွားပြီး လူကို စွန့်ပစ်ခဲ့တယ်လို့ KNU ဆီက သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးမိပြီး လူသားချင်း စာနာထောက်ထားမှု အခြေခံနဲ့ ဆေးကုသနေရာကို မိုင်ပေါင်းများစွာ ထမ်းသယ်ခဲ့ကာ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးထားတယ်လို့ KNU ဆီက သိရပါတယ်။

အဆိုပါ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းဟာ ကမ်းရိုးတမ်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၇၃၊ ခလရ ၂၈၂၊ ခမရ ၄၀၈၊ ခမရ ၄၀၉ နဲ့ ခမရ ၄၁၀ စတဲ့ တပ်ရင်း ၅ ရင်းနဲ့ စစ်ကြောင်းဖွဲ့ထားပြီး ပြီးခဲ့တဲ့ဇူလိုင်လ ပထမပတ်ကစကာ နတ်အိမ်တောင်ဘက်ကို စစ်ကြောင်းထိုးဖို့အတွက် ကြိုးပမ်းနေတယ်လို့ KNU ဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013