
တောင်ကိုရီးယားနိုင်ငံ၊ ဆန်းချုံးခရိုင်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့အပြီး ဇူလိုင် ၂၁ ရက်က မြေပြိုမှု တခုလည်း ဖြစ်ပွားခဲ့ပြီးနောက် နေအိမ်တွေ ပျက်စီးသွားကာ လယ်ယာစိုက်ခင်းတွေလည်း ရွှံ့တွေ ဖုံးလွှမ်းသွားပါတယ်။
တောင်ကိုရီးယား နိုင်ငံတဝန်း ဆိုးဆိုးရွားရွား စိုစွတ်တဲ့ ရာသီဥတုကြောင့် အနည်းဆုံး လူ ၁၈ ယောက် သေဆုံးခဲ့ကြောင်း ပြည်ထဲရေးနဲ့ လုံခြုံရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ဇူလိုင် ၂၀ ရက် ညနေပိုင်းအထိ လူ ၉ ယောက် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။
မိုးရွာသွန်းမှုကြောင့် ပျက်စီးမှုတွေထဲမှာ အများပြည်သူပိုင် အဆောက်အအုံ ၁,၉၉၉ လုံးနဲ့ လယ်ယာမြေတွေ အပါအဝင် ပုဂ္ဂလိက အဆောက်အအုံ ၂,၂၃၈ ခု ပျက်စီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
မိုးရွာသွန်းမှု နည်းသွားပေမဲ့ အမျိုးသားမိုးလေဝသအေဂျင်စီဟာ နိုင်ငံတဝန်း အပူလှိုင်းစောင့်ကြည့်မှုကို သတိပေးချက် ထုတ်ပြန်ထားပါတယ်။
Source: Reuters