
တောင်ကိုရီးယားနိုင်ငံမှာ ဇူလိုင် ၁၆ ရက်က စတင်တဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရေကြီး မြေပြိုမှုတွေကြောင့် နိုင်ငံတဝန်း သေဆုံးသူ ၁၇ ယောက်၊ ပျောက်ဆုံးသူ ၁၁ ယောက်ထိ ရှိလာပြီး လူပေါင်း ၁၃,၀၀၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ခေပြုံးဒေသမှာ ဇူလိုင် ၂၀ ရက်က မိုးသည်းထန်စွာရွာပြီး ရေကြီးမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၂ ယောက် သေဆုံးပြီး ၅ ယောက် ပျောက်ဆုံးနေကာ လူနေအိမ်တွေနဲ့ ကားတွေ ရေထဲမျောပါသွားပါတယ်။
ဆေချွန်းဒေသမှာလည်း လူ ၆ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာပြင်းထန်ခဲ့ကာ ၇ ယောက် ပျောက်ဆုံးခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။
ရေကြီးမှုအပြီး တံတားတစင်းမှာ အပျက်အစီးတွေနဲ့ ရွှံတွေ ဖုံးလွှမ်းနေတာ တွေ့ရပါတယ်။ ရေကြီးချိန်မှာ တံတားနစ်မြုပ်ခဲ့လို့ လူတယောက် သေဆုံးခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။
Source: Reuters