
ခရိုအေးရှားနိုင်ငံရှိ ကျွန်းငယ်နှစ်ကျွန်းက ဒေသခံတွေဟာ အလယ်မှာရှိတဲ့ လူမနေတဲ့ ကျွန်းငယ်လေးကို ဘယ်သူ ပိုင်သလဲဆိုတာ ဆုံးဖြတ်ဖို့ လွန်ဆွဲပွဲတရပ်ကို နှစ်စဉ် ကျင်းပလေ့ ရှိပါတယ်။
ထူးခြားတာကတော့ လူလူချင်း ဟိုဘက် ဒီဘက် လွန်ဆွဲတာမဟုတ်ဘဲနဲ့ ကျွန်းငယ်လေးကို ကြိုးနဲ့ပတ်ပြီးတော့ ကိုယ့်ကျွန်းဘက်ပါအောင် လှေတွေ ဝိုင်းဆွဲကြတာ ဖြစ်ပါတယ်။
ဆိုလ်တာနဲ့ ဘရက် ကျွန်းနှစ်ကျွန်းဟာ နွေရာသီရောက်ပြီဆိုတာနဲ့ အမ်အာရ်ဒ်ဂျာ အမည်ရတဲ့ ကျွန်းငယ်လေး ပိုင်ဆိုင်ဖို့ တိုက်ပွဲဝင်ခဲ့ကြတာ ဒီနှစ်မှာ ၁၆ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ၁၆ နှစ်သာ ကြာလာတယ်၊ ကျွန်းကလေးကို ဘယ်ဘက်မှ ပါအောင် မဆွဲနိုင်ခဲ့ကြပါဘူး။
ဒါကြောင့် ဒီနှစ်မှာ ဘယ်ဘက်က နိုင်သလဲဆိုတာ အဆုံးအဖြတ်ပေးဖို့ လွန်ဆွဲပွဲအပြင် နှစ်ဖက် ဉာဏ်စမ်းတွေနဲ့ ကစားပွဲတွေ ကျင်းပခဲ့ပါတယ်။
ဒီနှစ်မှာတော့ အနောက်ဘက်ကျွန်း ဆော်လ်တာက နိုင်သွားတဲ့အတွက် အမ်အာရ်ဒ်ဂျာ ကျွန်းကလေးကို တနှစ်တိတိ ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
Source: Reuters




