
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သဲဖြူချောင်းတံတားမှာ ဒီကနေ့ နေ့လယ် ၁ နာရီကျော်က အရှိန်ပြင်းစွာ မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဥ်တစီးက စစ်ဆေးရေးဂိတ်ကို ဝင်တိုက်ခဲ့လို့ ရဲတပ်သားတယောက် သေဆုံးကာ ဒုတပ်ကြပ်တယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“ကားက အရှိန်မထိန်းဘဲ ရဲကင်းဘန်ကာကို ဝင်တိုက်ကာ ကင်းစောင့်နေတဲ့ ရဲ ၂ ယောက် တိုက်မိသွားတယ်။ တယောက်က ပွဲချင်းပြီးသေတယ်၊ တယောက်က ဒဏ်ရာရတယ်။ ကားပေါ်က ခရီးသည်တွေတယောက်မှ ဒဏ်ရာမရဘူး ဘေးကင်းတယ်။”
အာကာမင်း ခရီးသည်တင်ယာဥ်တိုက်မှုကြောင့် ကျိုက်ထိုမြို့နယ်ရဲစခန်း ရဲတပ်သားတယောက် သေဆုံး၊ ဒုတပ်ကြပ်တယောက် ဒဏ်ရာရပြီး ယာဥ်မောင်းဖြစ်သူကတော့ ထွက်ပြေးသွားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“ဒီနေ့ နေ့လယ် ၁၂ နာရီ ၁၅ ကဖြစ်တာ။ စစ်ဆေးရေးဂိတ်က ရဲတွေရှိတဲ့တဲကို ဝင်တိုက်တာ ရဲတပ်သားတယောက်သေတယ်၊ ဒဏ်ရာရတဲ့ ဒုတပ်ကြပ်ကလည်း စိုးရိမ်ရတယ်။ ဆေးရုံမှာ ယာဥ်မောင်းက ထွက်ပြေးသွားတယ်။”
လတ်တလောမှာ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရသူ ၂ ယောက်အား ကျိုက်ထိုမြို့နယ် ဆေးရုံကို ပို့ဆောင်ထားပြီး အာကာမင်းခရီးသည်တင်ယာဥ်မောင်းကို စစ်တပ် နဲ့ ရဲတွေက လိုက်လံရှာဖွေနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။