
ရှမ်းပြည်နယ် တောင်ပိုင်း မောက်မယ်မြို့နယ် ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးစိုင်းငေါင်းဆိုင်ဟာ ဒီကနေ့ ဇူလိုင် ၁၁ ရက် မနက် ၉ နာရီက သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“သူ့ရဲ့ခြံထဲမှာ သစ်ပင်တွေ ဆေးသွားဖြန်းတဲ့အချိန် ပစ်ခံရတာ နေရာမှာတင် ပွဲချင်းပြီးသေသွားတယ်၊ ဘယ်အဖွဲ့က ပစ်တယ်ဆိုတာ မသိဘူး။ စစ်တပ်ရော၊ ရဲရော၊ ပြည်သူ့စစ်တွေရော ရှာနေကြတယ်။”
ကြံ့ခိုင်ရေးပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ စိုင်းငေါင်းဆိုင်ကို မောက်မယ်မြို့နယ်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ထားတာဖြစ်ပြီး ပစ်ခတ်မှုမှာ ရိုးသားမှုမရှိကြောင်း ပါတီဝင်တယောက်က DVB ကို ပြောပါတယ်။
“သူက နိုင်ငံရေးကနားလိုက်ပြီလို့ ပြောနေကြပေမဲ့ ပြည်ခိုင်ဖြိုးပါတီမှာ လှုပ်ရှားမှုတွေရှိတယ်။”
ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိုင်းငေါင်းဆိုင်မှာ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲမှာ မောက်မယ်မြိုနယ်က ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ၃ ကြိမ်လုံး အနိုင်ရရှိထားသူဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ပူးပေါင်းကာ ရှမ်းတောင်ပြည်သူ့စစ်အင်အားတိုးရေးအတွက် ဆောင်ရွက်ပေးခဲ့သူလည်း ဖြစ်တယ်လို့ သိရပါတယ်။