Home
နိုင်ငံတကာ
ထိုင်းတောင်ပိုင်း၌ ကမ္ဘာလှည့်ခရီးသည်များ လှေတိမ်းမှောက်၊ ဧည့်လမ်းညွှန် သေဆုံး 
DVB
·
July 21, 2025
Photo: khaosod News 

ထိုင်းတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်မှာ ဇူလိုင် ၂၀ ရက် နေ့လယ်က ကမ္ဘာလှည့်ခရီးသည်တွေ တင်ဆောင်လာတဲ့ အပျော်စီးလှေတစင်း ဆည်ကြီးထဲမှာ နစ်မြုပ်သွားပြီး  ထိုင်းဧည့်လမ်းညွှန် အမျိုးသမီးတယောက် သေဆုံးသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

အဆိုပါလှေဟာ ဘယ်လ်ဂျီယံနိုင်ငံသား ၅ ယောက်၊ နယ်သာလန်နိုင်ငံသား ၁၁ ယောက်ပါတဲ့ ကမ္ဘာလှည့်ခရီးသည် ၁၆ ယောက်ကို စူရတ်ဌာနီခရိုင်၊ ဘန့်တာခွန်မြို့နယ်၊ ခေါင်ဖန်းအုပ်စုရှိ ရာ့ချ်ပဖားဆည်ကြီးထဲမှာ အလည်အပတ် ခေါ်ဆောင်စဉ် မနက် ၁၁ နာရီကျော်လောက်မှာ လေပြင်းတိုက်တာနဲ့ ကြုံရပြီး လှေမှောက်သွားတယ်လို့ ဆိုပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက  ထိုင်းပဲ့နင်း အပါအဝင် လှေပေါ်ပါသူအားလုံးကို ကုန်းပေါ်ကို  အချိန်မီ ကယ်တင်နိုင်ခဲ့ပေမဲ့ အသက် ၄၄ နှစ်ရွယ် ထတ်စ်ဝမ်း ဆိုသူ ဧည့်လမ်းညွှန် ထိုင်း အမျိုးသမီးကတော့ အဆုတ်ထဲ ရေတွေဝင်လို့ ကုန်းပေါ်ရောက်ပြီး မကြာခင် သေဆုံးသွားခဲ့ပါတယ်။ 

ထိုင်းနိုင်ငံမှာ ခုရက်ပိုင်းတွင်း ဝီဖာမုန်တိုင်းအရှိန်ကြောင့် ဒေသအတော်များများမှာ မိုးသက် လေပြင်းကျရောက်ဖွယ်ရှိပြီးနဲ့  ပင်လယ်ပြင်မှာလည်း လှိူင်းအမြင့် ၁ မှ ၂ မီတာထိ တက်နိုင်တယ်လို့ ထိုင်း မိုးလေဝသနဲ့ဇလဗေဒက ထုတ်ပြန်ထားပါတယ်။ 

Source:  khaosod News 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013