
လာမယ့် ပရီးမီးယားလိဂ်ရာသီမှာ ချဲလ်ဆီးအသင်း ချန်ပီယံဆုဖလားရရှိနိုင်တယ်လို့ အီတလီ တိုက်စစ်မှူးဟောင်း ခရစ္စတီယန်ဗီယာရီက သုံးသပ်ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ မနှစ်ကရာသီက အဆင့် ၄ နဲ့ ရာသီသိမ်းခဲ့ပြီး ဥရောပချန်ပီယံ လိဂ်ဝင်ခွင့်ပြန်လည်ရရှိခဲ့သလို ကွန်းဖရင့်လိဂ် ဆုဖလားလည်း ရယူနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလဲ ပီအက်စ်ဂျီကို အနိုင်ရခဲ့ပြီး ချန်ပီယံဆုဖလား ရယူ နိုင်ခဲ့တာပါ။
နည်းပြမာရက်စ်ကာဟာ နည်းပြ ဂွါဒီယိုလာလက်အောက်မှာ လေ့လာသင်ယူခဲ့ဖူးသူဖြစ်ပြီး ချဲလ်ဆီးအသင်းကို High Pressing ကစားစေတာမျိုးတင်မဟုတ်ဘဲ ဘောလုံးပိုင်ဆိုင်မှုကို အခြေခံပြီး စုစည်းညီညွတ်မှုနဲ့ ကစားနိုင်အောင် လေ့ကျင့်ပေးနိုင်သူဖြစ်တယ်လို့ အင်တာမီလန် တိုက်စစ်မှူးဟောင်း ဗီယာရီက ချီးကျူးပါတယ်။
ဒီလိုအချက်တွေကြောင့် လာမယ့် ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးအသင်းက ချန်ပီယံဖြစ်နိုင်ပြီး ဥရောပချန်ပီယံလိဂ်ဆု ဖလားအတွက်လည်း စိန်ခေါ်နိုင်မယ့် အသင်းဖြစ်လာလိမ့်မယ်လို့ ဗီယာရီက သုံးသပ်သွားပါတယ်။
Photo:Reuters