
အသင်းအောင်မြင်မှုတွေရဖို့အတွက် အစွမ်းကုန်ကူညီပေးသွားမှာဖြစ်ကြောင်း လီဗာပူး ကွင်းလယ်ကစားသမား ဆိုဘိုဆလိုင်းက ကတိပေးပြောကြားခဲ့ပါတယ်။
လိုက်ပ်ဇစ်အသင်းကနေ လီဗာပူးအသင်းဆီ ပြီးခဲ့တဲ့ နွေရာသီမှာ ပေါင်သန်း ၆၀ နဲ့ ရောက်ရှိလာခဲ့တဲ့ ဟန်ဂေရီ လက်ရွေးစင်အသင်းခေါင်းဆောင် ဆိုဘိုဆလိုင်းဟာအသင်းအတွက် ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။
ဆိုဘိုဆလိုင်းက “ပွဲတိုင်း မိနစ် ၉၀ အပြည့်ကစားချင်ပြီး ဂိုးတွေသွင်းချင်ကာ ဖန်တီးမှုတွေ လုပ်ချင်ကြောင်း၊ လီဗာပူးအသင်း ဖလားရအောင် သူ့အနေနဲ့ အစွမ်းကုန်ကူညီသွားမှာဖြစ်ပြီး၊ အဲဒီအတွက် သူစရောက်တဲ့နေ့ကတည်းက ကြိုးစားနေတယ်"လို့ သူကပြောပါတယ် ။
အသက် ၂၃ နှစ်အရွယ် ဆိုဘိုဆလိုင်းဟာအခုရာသီမှာ လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံ ၁၆ ပွဲ ကစားပေးထားပြီး ၂ ဂိုးသွင်းကာ ၂ ဂိုးဖန်တီးပေးထားပါတယ်။
Photo-Reuters