Home
အားကစား
လီဗာပူးနှင့်ပွဲက အေစီမီလန်အသင်း၏ တိုးတက်လာမှုကို ပြသနိုင်မည်ဟု နည်းပြဖွန်ဆီကာ ပြော
DVB
·
September 17, 2024
Photo - REUTERS/Daniele Mascolo

လီဗာပူးနဲ့ ကစားရမယ့် ဥရောပချန်ပီယံလိဂ်အဖွင့်ပွဲစဉ်က အသင်းရဲ့တိုးတက်လာမှုကို သက်သေပြသနိုင်မယ့် အခွင့်အရေးဖြစ်တယ်လို့ အေစီမီလန်အသင်းနည်းပြ ဖွန်ဆီကာ က ပြောသွားပါတယ်။

နည်းပြဖွန်ဆီကာဟာ ပြီးခဲ့တဲ့ ဇူလိုင်လကမှ ပြင်သစ်အသင်းလိုင်လီကနေ ဆန်စီရို ကို ပြောင်းရွှေ့လာခဲ့တာပါ။

အေစီမီလန်နဲ့အတူ ရလဒ်ကောင်းတွေ မရရှိသေးတဲ့တိုင် တိုးတက်မှုတွေရှိလာတာကို ပြသနိုင်ဖို့ အခွင့်အရေးကောင်းဖြစ်တယ်လို့  နည်းပြဖွန်ဆီကာက ပြောပါတယ်။

လီဗာပူးအသင်းဟာ ဥရောပရဲ့ အတောင့်တင်းဆုံး လူစာရင်း ပိုင်ဆိုင်ထားသလို တဦးချင်း စွမ်းဆောင်ရည်လည်း ကောင်းမွန်တဲ့အသင်းဖြစ်ကြောင်း အေစီမီလန် နည်းပြဖွန်ဆီကာက ပြောပါတယ်။

အေစီမီလန်အသင်းဟာ အီတလီစီးရီးအေပွဲစဉ် ၄ ပွဲကစားအပြီးမှာ ၁ ပွဲနိုင် ၂ ပွဲသရေ ၁ပွဲ ရှုံးနိမ့်ထားပါတယ်။

သူတို့နှစ်သင်းဟာ ၂၀၀၅ နဲ့ ၂၀၀၇ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေမှာ တွေ့ဆုံခဲ့ဖူးပြီး  တလှည့်စီ အနိုင်ရခဲ့ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013