လီဗာပူးအသင်းဟာ နည်းပြ အာနဲစလော့လက်ထက်မှာ ပထမဆုံးအကြိမ် ရှုံးပွဲတွေ့သွားခဲ့ပါတယ်။
မနေ့ညက ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီး တောင်ပံကစားသမားဟောင်း ဟတ်ဆန်အိုဒွိုင်းရဲ့ တလုံးတည်းသောဂိုးနဲ့ နော်တင်ဟမ်အသင်း နိုင်ပွဲရခဲ့တာပါ။
လီဗာပူးအသင်းဟာ ဟော်လန်နည်းပြ အာနဲစလော့လက်ထက်မှာ ရာသီကြိုခြေစမ်းပွဲစဉ်တွေ ကတည်းက ရာနှုန်းပြည့်နိုင်ပွဲရရှိခဲ့တာဖြစ်ပြီး နော်တင်ဟမ်နဲ့ အတွေ့မှာ ပထမဆုံးရှုံးပွဲ တွေ့ခဲ့ရ တာပါ။
တောင်အမေရိကန်နဲ့ အာဖရိကကနေ ပြန်လာခဲ့ရတဲ့ ကစားသမားတွေ ရှိတာကြောင့် ပွဲပန်းခဲ့တဲ့ လီဗာပူးအသင်းသားတွေဟာ နော်တင်ဟမ်ကို ရလဒ်ပိုင်းသာမက စွမ်းဆောင်ရည်ပိုင်းမှာပါ ရှုံးနိမ့်ခဲ့ရတာပါ။
ပွဲမပြီးခင် ၅ မိနစ်မှာပဲ လီဗာပူးပရိသတ်တချို့ အိမ်ပြန်သွားခဲ့ပြီး နည်းပြကလော့ပ်လက်ထက်က မမြင်တွေ့ခဲ့ဖူးတဲ့ မြင်ကွင်းတခု ဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြကြပါတယ်။