နည်းပြပိုချက်တီနိုလက်ထက်မှာ ချဲလ်ဆီးအသင်း နောက်ပြန်သွားနေကြောင်း ပရိသတ်တွေက ဝေဖန်ပါတယ်။
မနေ့ညက ကစားခဲ့တဲ့ အက်စတန်ဗီလာနဲ့ပွဲစဉ်မှာ ကစားသမား တယောက်အထုတ်ခံခဲ့ရတာနဲ့ အတူ တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ပရိသတ်တွေက ဆိုရှယ် မီဒီယာတွေကနေ အပြင်းအထန်ဝေဖန်ခဲ့ကြတာပါ။
ချဲလ်ဆီးအသင်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့ပြီး ၂ ပွဲသရေ၊ ၃ ပွဲ ရှုံးရလဒ်နဲ့ အဆိုးရွားဆုံး အခြေအနေ ဖြစ်နေတာပါ။
၂၀၂၁ ခုနှစ် မှာ ဥရောပချန်ပီယံဖြစ်ခဲ့တဲ့အသင်းကနေ ၂၀၂၂ ခုနှစ်အောက်တိုဘာလနောက်ပိုင်း နိုင်ပွဲ ၆ ပွဲသာရခဲ့တဲ့ အခြေအနေဟာ လက်ခံနိုင်စရာမရှိကြောင်း ချဲလ်ဆီးပရိသတ်တစ်ဦးက တွစ်တာကနေ ဝေဖန်ပါတယ်။
တခြားပရိသတ်တစ်ဦးကတော့ နည်းပြပိုချက်တီနိုလက်ထက်မှာ အသင်းက နောက်ပြန် သွားနေပြီး သူ့အနေနဲ့ ဒီဇင်ဘာလအထိ ဆက်လက်ကိုင်တွယ်နိုင်မလားဆိုတာ သံသယရှိစရာ ဖြစ်ကြောင်း ဆိုပါတယ်။
နည်းပြပိုချက်တီနိုကတော့ စိတ်ပျက်စရာရလဒ်ဖြစ်ပေမဲ့ အသင်းရဲ့စီမံကိန်းအပေါ် ထောက်ခံအားပေးကြဖို့ လိုအပ်ကြောင်း ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။
Photo-Reuters