Home
အားကစား
ကမ္ဘာ့ဖလားရယူနိုင်သည့် ယုံကြည်မှုရှိရန် လိုအပ်ဟု အမေရိကန်နည်းပြပိုချက်တီနို ပြော
DVB
·
September 14, 2024
Photo -REUTERS

အမေရိကန်အသင်းသားတွေအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ချန်ပီယံရယူနိုင်တယ်ဆိုတဲ့ ယုံကြည်မှု ထားရှိဖို့ လိုအပ်ကြောင်း နည်းပြပိုချက်တီနိုက ပြောပါတယ်။

အာဂျင်တီးနားနည်းပြဟာ သူ့ရဲ့နည်းပြဘ၀သက်တမ်းတလျှောက် ကလပ်အသင်းတွေကိုသာ တာဝန်ယူခဲ့ပေမဲ့ အမေရိကန်လက်ရွေးစင်အသင်း နည်းပြဖြစ်လာခဲ့တာပါ။

အမေရိကန်နိုင်ငံဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို မက္ကဆီကို၊ ကနေဒါနိုင်ငံတွေနဲ့အတူ ပူးတွဲအိမ်ရှင် အဖြစ် လက်ခံကျင်းပမှာပါ။ 

ကမ္ဘာ့ဖလားမှာပွဲစဉ်တပွဲ အနိုင်ရရှိရုံတင် မဟုတ်ဘဲ ကမ္ဘာ့ချန်ပီယံဆုဖလား ရယူနိုင်ရမယ်ဆိုတဲ့ ယုံကြည်ချက်ထားရှိသွားဖို့ လိုအပ်ကြောင်း နည်းပြပိုချက်တီနိုက ပြောပါတယ်။

အမေရိကန်အသင်းဟာ ၂၀၀၂ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့တာက အမြင့်မားဆုံး အောင်မြင်မှု ဖြစ်ပါတယ်။

Photo-Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013