ချဲလ်ဆီးအသင်းဟာ ကွန်းဖရင့်လိဂ်ပြိုင်ပွဲအတွက် ကစားသမားစာရင်းထုတ်ပြန်ခဲ့ရာမှာ စီနီယာ ကစားသမား ၄ ယောက်ကို ချန်လှပ်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်နဲ့ တခြားပြိုင်ပွဲတွေအတွက် ပွဲပန်းမှုရှိလာနိုင်ကို ကြိုတင် တွက်ချက်ပြီး ပါလ်မာ၊ ဘင်ချီဝဲလ်၊ လာဗီယာတို့ကို လူစာရင်းမှာ မှတ်ပုံတင်ထားခြင်း မရှိခဲ့တာပါ။
ကစားသမား ၄၂ ဦး အထိ ရှိနေလို့ ဝေဖန်ခံခဲ့ရတဲ့ ချဲလ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ပိတ်သိမ်းချိန်မှာ ကစားသမား ၃၆ ဦးအထိ လျှော့ချနိုင်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ဥရောပရဲ့ တတိယအဆင့်ပြိုင်ပွဲဖြစ်တဲ့ ယူရိုကွန်းဖရင့်လိဂ်မှာ ဂျန့်၊ အက်ဖ်စီ နိုအာ၊ ပင်နသီယန်ကော့စ်၊ အက်စ်တန်နာ အစရှိတဲ့အသင်းတွေနဲ့ တွေ့ဆုံနေတာဖြစ်ပါတယ်။
Photo-Reuters