Home
နိုင်ငံတကာ
အင်္ဂါဂြိုဟ်ဥက္ကာခဲကို ဒေါ်လာ ၅ ဒသမ ၃ သန်းဖြင့် စံချိန်တင် ရောင်းချ
DVB
·
July 17, 2025
Photo: Reuters

အင်္ဂါဂြိုဟ်ရဲ့ ဥက္ကာခဲကို ဒေါ်လာ ၅ ဒသမ ၃ သန်းနဲ့ Sotheby က စံချိန်တင် ရောင်းချခဲ့ပါတယ်။

၅၄ ပေါင်ရှိတဲ့ ဒီဥက္ကာခဲဟာ လေလံတင်ရောင်းချတဲ့ ဥက္ကာခဲတွေအနက် ဈေးအကြီးဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ဒါဟာ ကမ္ဘာပေါ်မှာရှိတဲ့ အင်္ဂါဂြိုဟ်က ဥက္ကာခဲတွေအနက် အကြီးဆုံးဥက္ကာခဲဖြစ်ကာ တခြားဥက္ကာခဲတွေထက် ၇၀ ရာခိုင်နှုန်း ပိုပြီး ကြီးမားပါတယ်။

အခုဈေးရောင်းပွဲမှာ ဒီကျောက်တုံးကို လေလံဆွဲသူ ထောင်နဲ့ချီခဲ့ပြီး နောက်ဆုံးမှာ ဖုန်းနဲ့ အွန်လိုင်းက လေလံဆွဲသူတွေကြား ၁၅ မိနစ်ကြာ အပြိုင်ဈေးပေးပြီး လေလံဆွဲခဲ့တယ်လို့ Sotheby က ထုတ်ပြန်ပါတယ်။

ဒီကျောက်တုံးဟာ ဆာဟာရသဲကန္တာရက ရရှိတာဖြစ်ပြီး ဓာတ်ခွဲခန်းစမ်းသပ်မှုတွေအရ အင်္ဂါဂြိုဟ်က ကျောက်တုံးအစစ်ဖြစ်ကြောင်း အတည်ပြုထားပါတယ်။

ဒီကျောက်တုံးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က နိုင်ဂျာနိုင်ငံက ဥက္ကာခဲရှာဖွေသူတယောက်က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Sotheby ရဲ့ ဥက္ကဋ္ဌ ဟတ်တန်က  “ဒီကျောက်တုံးက ထူးခြားတဲ့ ကျောက်တုံးဆိုတာ သိပါတယ်။ ဒါပေမဲ့ ဥက္ကာခဲလို့ ပြောဖို့ကျတော့ အရမ်းကြီးလွန်းနေပါတယ်။ ဒီကျောက်တုံးရဲ့ အစိတ်အပိုင်းအချို့ကို ဓာတ်ခွဲခန်းပို့ပြီးတဲ့နောက် အင်္ဂါဂြိုဟ်ကရတဲ့ အကြီးဆုံးကျောက်တုံး ဖြစ်တယ်ဆိုတာ အတည်ပြုခဲ့ပါတယ်” လို့ ပြောပါတယ်။

အင်္ဂါဂြိုဟ်ရဲ့ ဥက္ကာခဲတွေဟာ မိုင်ပေါင်း သန်း ၁၄၀ အကွာအဝေးကနေ အာကာသကိုဖြတ်ပြီး ရောက်ရှိလာတာ ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ်က ဥက္ကာခဲကို ဒေါ်လာ ၂ သန်းကနေ ၄ သန်းအထိ ရမယ်လို့ ခန့်မှန်းခဲ့ပေမဲ့ ၅ ဒသမ ၃ သန်းအထိ ရရှိခဲ့တာဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013