Home
နိုင်ငံတကာ
ဆီးရီးယားကို အစ္စရေးဗုံးကြဲ
DVB
·
July 17, 2025
Photo :Reuters

အစ္စရေးစစ်တပ်က ဆီးရီးယားမြို့တော် ဒမတ်စကတ်နဲ့ နိုင်ငံတောင်ပိုင်းက အစိုးရတပ်တွေကို  ဇူလိုင် ၁၆ ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒရုဇ် ဘာသာရေး ယုံကြည်သက်ဝင်သူအများစု နေထိုင်ရာ ဆူဝေဒါပြည်နယ်မှာ ဂိုဏ်းဂဏအခြေပြု တိုက်ခိုက်မှုတွေ ၄ ရက်ကြာ ဖြစ်ပွားနေချိန်မှာ အစ္စရေးက ခုလိုတိုက်ခိုက်တာ ဖြစ်ပါတယ်။

ဒရုဇ်ညီအစ်ကိုတွေကို ကယ်တင်ဖို့နဲ့ (ဆီးရီးယား) အစိုးရရဲ့ ဂိုဏ်းတွေကို ရှင်းလင်းဖို့အတွက် အစ္စရေးတပ်ဖွဲ့တွေက ကြိုးစားနေတယ်လို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောပါတယ်။

ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အစ္စရေးရဲ့ “ကောက်ကျစ်လှည့်ဖျားတဲ့ ရန်လိုကျူးကျော်မှု” သာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေကနေ ဗုဒ္ဓဟူးအထိ ဆူဝေဒါပြည်နယ်မှာ ဒရုဇ် စစ်သွေးကြွတွေနဲ့ ဘူဒိုအင် မျိုးနွယ်စုတွေအကြား ပဋိပက္ခဖြစ်ပွားခဲ့တာကြောင့် လူ ၃၀၀ ကျော် အသတ်ခံခဲ့ရပြီး ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကတော့ တောင်ပိုင်းက အကြမ်းဖက်မှုတွေကို အရမ်းစိုးရိမ်မိပေမဲ့ နာရီပိုင်းအတွင်း အဆုံးသတ်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

ရှုပ်ထွေးကြောက်မက်ဖွယ်ကောင်းတဲ့ အခြေအနေကို ဒီညမှာပဲ အဆုံးသတ်ဖို့ လုပ်ဆောင်ရမယ့် အဆင့်တွေ သဘောတူထားပြီလို့ ရူဘီယိုက X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ လက်ရှိအကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ အမေရိကန်နဲ့ အာရပ်ဘက်က အားထုတ်မှုတွေကို ကြိုဆိုတယ်လို့ ထုတ်ပြန်ထားပါတယ်။ အစ္စရေးကတော့ အပစ်ရပ်ရေးအတွက် မှတ်ချက်မပေးသေးပါဘူး။

ဆီးရီးယားတပ်တွေ ဆူဝေဒါကနေ စတင်ဆုတ်ခွာနေပြီလို့ ဆီးရီးယားနိုင်ငံပိုင် ဆာနာ သတင်းက ဖော်ပြပါတယ်။

ဥပဒေပအုပ်စုတွေကို ဆီးရီးယားတပ်မတော်က လိုက်လံရှင်းလင်းမှု ပြီးစီးပြီဖြစ်လို့ ဆူဝေဒါပြည်နယ် ဘာသာရေးခေါင်းဆောင်တွေနဲ့ သဘောတူညီမှုအရ ပြန်လည်ဆုတ်ခွာတာလို့ ဆိုပါတယ်။

ဆီးရီးယား ယာယီသမ္မတ အာမက်အယ်လ်ရှာရာ ဦးဆောင်တဲ့ အစိုးရသစ်က   ရှီးယိုက်အစ္စလာမ်ရဲ့ အခွဲဖြစ်ပြီး မတူညီတဲ့ လက္ခဏာနဲ့ ယုံကြည်မှုမျိုးရှိတဲ့ ဒရုဇ်လိုမျိုး လူနည်းစု ဘာသာရေး၊ လူမျိုးရေး အုပ်စုတွေကို ကာကွယ်ပေးဖို့ ကတိပေးထားပေမဲ့ မကြာခဏဆိုသလို ပဋိပက္ခတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013