
ကျူးဘားကျွန်းနိုင်ငံငယ်လေးမှာ သူတောင်းစားမရှိဘူးလို့ ပြောဆိုခဲ့တဲ့ အလုပ်သမားဝန်ကြီး မာတာ အယ်လီနာ ဖေတို-ကာဘရီယာဟာ ဖိအားကြောင့် ရာထူးက နုတ်ထွက်ပေးလိုက်ရပါတယ်။
အမှိုက်ပုံတွေထဲမှာ ရှာဖွေနေတဲ့ သူတွေဟာ ငွေရလွယ်လို့ လုပ်နေကြတာဖြစ်ပြီး ကျူးဘားမှာ သူတောင်းစားဆိုတာမျိုး မရှိဘူးလို့ ဝန်ကြီးက လွှတ်တော်ထဲမှာ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
ဖေတို-ကာဘီရီယာက “ကျူးဘားမှာ သူတောင်းစားမရှိပါဘူး။ ငွေရလွယ်အောင်လို့ သူတောင်းစား အယောင်ဆောင်နေတဲ့သူတွေပဲ ရှိတယ်” လို့ လွှတ်တော်ထဲမှာ ပြောခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အမှိုက်ပုံထဲက လိုက်ရှာတဲ့သူတွေဟာ “ရီဆိုင်ကယ်လုပ်ငန်းမှာ တရားမဝင် လုပ်ကိုင်သူတွေ” သာ ဖြစ်တယ်လို့ပါ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။
ဒီမှတ်ချက်တွေဟာ ကျူးဘားပြည်သူတွေကို စော်ကားရာရောက်တယ် ဆိုပြီးတော့ အလုပ်သမားဝန်ကြီး ရာထူးကထွက်ဖို့ ကျူးဘားက တက်ကြွလှုပ်ရှားသူတွေနဲ့ တတ်သိပညာရှင်တွေက လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါတယ်။
ကျူးဘားသမ္မတ မီဂွယ်ဒီယာ့ဇ်-ကန်နယ်လ်ကပါ ခေါင်းဆောင်ပိုင်းဟာ “အထက်စီးဆန်ဆန် မဆောင်ရွက်သင့်သလို ပြည်သူတွေရဲ့ ပကတိအရှိတရားနဲ့ မကင်းကွာသင့်ဘူး” လို့ မှတ်ချက်ချခဲ့အပြီးမှာတော့ ဝန်ကြီးဖြစ်သူ ရာထူးက ထွက်ပေးခဲ့ရတာ ဖြစ်ပါတယ်။
Source: Reuters