အကျဉ်းသားလွှတ်ပေးဖို့ သဘောတူပြီးနောက် ကျူးဘားနိုင်ငံကို အကြမ်းဖက်အားပေးနိုင်ငံများ စာရင်းကနေ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပယ်ဖျက်ဖွယ်ရှိပါတယ်။
ကျူးဘားနိုင်ငံဟာ ပြစ်မှုမျိုးစုံနဲ့ ဖမ်းထားတဲ့ အကျဉ်းသား ၅၅၃ ယောက်ကို လွှတ်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ လွှတ်ပေးမယ့်သူစာရင်းမှာ လွန်ခဲ့တဲ့ ၄ နှစ်က အစိုးရဆန့်ကျင်သူတွေပါ ပါဝင်ဖွယ်ရှိပါတယ်။
ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က အကြမ်းဖက်မှုထောက်ပံ့တဲ့ နိုင်ငံအဖြစ် သတ်မှတ်မှုကို သူ့ရဲ့ သမ္မတသက်တမ်း ပထမအကြိမ် နောက်ဆုံးနေ့မှာ သတ်မှတ်ခဲ့တာဖြစ်ပြီး အမေရိကန်ရဲ့ စီးပွားရေးအကူအညီနဲ့ လက်နက်တင်ပို့မှု ပိတ်ခဲ့တာဖြစ်ပါတယ်။
ဒီကိစ္စကို ဘိုင်ဒင်အစိုးရက ပြန်လည်သုံးသပ်ပြီး အကြမ်းဖက်ထောက်ခံတဲ့ သတ်မှတ်နိုင်တဲ့ အချက်အလက် မရှိဘူးလို့ အင်္ဂါနေ့မှာ ပြောပါတယ်။
ကျူးဘားနိုင်ငံကလည်း ဘိုင်ဒင်အစိုးရရဲ့ အပြုအမူက မှန်ကန်ကြောင်း ပြောဆိုထားပါတယ်။
ကျူးဘားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ “ဒီဆုံးဖြတ်ချက်က နိုင်ထက်စီးနင်း စွပ်စွဲ ပြုမှုထားမှုတွေ အဆုံးသတ်မှုပါ။ ပိတ်ဆို့မှုဟာ ကျူးဘားရဲ့ စီးပွားရေးကို ပျက်စီးသလို ပြည်သူတွေအတွက်လည်း အကျိုးသက်ရောက်မှုတွေ အများကြီးရှိပါတယ်”လို့ ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံဟာ အကြမ်းဖက်မှုထောက်ပံ့တဲ့ နိုင်ငံစာရင်းမှာ ကျူးဘား အပါအဝင်၊ မြောက်ကိုရီးယား၊ ဆီးရီးယား၊ အီရန်တို့ကို ထည့်သွင်းထားတာ တွေ့ရပါတယ်။
ကျူးဘားနိုင်ငံကို သမ္မတအိုဘားမားက ၂၀၁၅ ခုနှစ်မှာ အကြမ်းဖက်ထောက်ပံ့တဲ့ နိုင်ငံစာရင်းကနေ ပယ်ဖျက်ပေးခဲ့ဖူးပြီး ထရမ့်ပ်လက်ထက်မှာ ဗင်နီဇွဲလားခေါင်းဆောင်ကို ထောက်ခံတဲ့အတွက် ပြန်ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။
Source : Reuters