
ယူကရိန်းကို လက်နက်တွေ ပို့ဆောင်နေပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇူလိုင် ၁၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဇူလိုင် ၁၄ ရက်က ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ကြေညာလိုက်ပြီးကတည်းက ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ စကားမပြောရသေးဘူးလို့ ထရမ့်ပ်က သတင်းထောက်တွေကို ပြောပါတယ်။
NATO မဟာမိတ်တွေ ဝယ်ယူမယ့် လက်နက်တချို့ထဲက ပက်ထရီယော့ထ် ဒုံးခွင်းဒုံးတွေအကြောင်း သတင်းထောက်က မေးမြန်းရာမှာ ဂျာမနီကနေ အစားထိုး ပေးပို့လာတာတွေကို ပို့ထားပြီးပြီလို့ ထရမ့်ပ်က ပြောကြားပါတယ်။
“ကိစ္စတိုင်းမှာတော့ အမေရိကန်က အပြည့်အ၀ ငွေပြန်ရတယ်။ ဒါကြောင့် ဖြစ်ပျက်နေတာတွေကို ကြည့်ရင် အများစုကတော့ ဥရောပသမဂ္ဂ ဖြစ်ပေမဲ့ NATO ပုံစံနဲ့ လုပ်ဆောင်တာဖြစ်တယ်” လို့ ဆိုပါတယ်။
“တချို့ကိစ္စတွေမှာတော့ ဥရောပသမဂ္ဂဝင် နိုင်ငံတွေက ပြန်ပေးလာလိမ့်မယ်။ ကိုယ့်ပိုက်ဆံကိုယ် အပြည့်အဝ ပြန်ရနေပြီး နောက်ထပ် ရင်းနှီးမြှုပ်နှံမှုကို လုပ်တော့မှာမဟုတ်ဘဲ အပေးအယူ လုပ်လို့ရရင် သိပ်ကောင်းလိမ့်မယ်” လို့လည်း ထရမ့်ပ်က ပြောဆိုပါတယ်။
“ငါတို့က တပတ်ကို စစ်သား ၅,၀၀၀၊ ၆,၀၀၀ လောက်ကို ကယ်နေတာဖြစ်ပြီး သူတို့က ရုရှားစစ်သားတွေ၊ ယူကရိန်းစစ်သားတွေ ဖြစ်တယ်။ အမေရိကန်စစ်သားတွေ မပါဘူး” လို့လည်း ပြောသွားပါတယ်။
Source: Reuters