
ရုရှားတပ်တွေက သိမ်းယူခဲ့တယ်ဆိုတဲ့ ယူကရိန်းအရှေ့ပိုင်းက ရွာ ၂ ရွာမှာ ရုရှားအလံတွေ ကိုင်ထားတဲ့ စစ်သားတွေရဲ့ ဗီဒီယိုတွေကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၃ နဲ့ ၁၄ ရက်တွေမှာ ထုတ်ပြန်ခဲ့ပါတယ်။
ပေါက်ကွဲမှုတွေ အများကြီးကို ပြထားတဲ့ ဗီဒီယိုတွေထဲက ရွာတွေက ဒန်ညက်စ်ဒေသထဲက မြူးရွာနဲ့ ဇာပိုရစ်ချ်ရှား ဒေသထဲက မာလီညုကာရွာတို့ ဖြစ်ပါတယ်။
ဒန်ညက်စ်ဒေသထဲက မြူးရွာနဲ့ မိုက်ကိုလိုက်ဗ်ကာ ရွာတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရုရှားက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
တနင်္လာနေ့မှာ ဇာပိုရစ်ရှားဒေသထဲက မာလီညုကာရွာနဲ့ ဒန်ညက်စ်ဒေသထဲက မာယက်ခ်ရွာတို့ကို သိမ်းမိပြီလို့လည်း ပြောပါတယ်။
မြူးရွာနဲ့ မာလီညုကာ ရွာတွေရဲ့ ဧရိယာထဲက ဂြိုဟ်တုဓာတ်ပုံတွေနဲ့ ဗီဒီယိုထဲက ရှုခင်းတွေ အခင်းအကျင်းတွေက ကိုက်ညီနေလို့ တည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီဗီဒီယိုတွေကို ဘယ်အချိန်က ရိုက်ကူးထားတယ် ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။
Source: Reuters