
အခု သီတင်းပတ်အစောပိုင်းက အမည်မသိ အကြမ်းဖက်သမားတွေက သက်ကြီးရွယ်အို တယောက်ကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စပိန်နိုင်ငံ အရှေ့တောင်ပိုင်းက မြို့တမြို့မှာ ရွှေ့ပြောင်းနေထိုင်သူတွေကို ဆန့်ကျင်တဲ့ လက်ယာစွန်း အုပ်စုတွေဟာ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။
ရာဘာကျည်ဆန်တွေနဲ့ ပစ်ခတ်ခဲ့တဲ့ အဓိကရုဏ်းနှိမ်နင်းရေးရဲတွေကို လက်ယာစွန်းအုပ်စုတွေက ဖန်ပုလင်းတွေ၊ တခြားအရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။
လက်ယာစွန်းအုပ်စုတွေ၊ ဒေသခံတွေနဲ့ မြောက်အာဖရိက ရွှေ့ပြောင်းနေထိုင်သူတွေကြား ဇူလိုင် ၁၂ ရက်က တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က လမ်းပေါ်မှာ သက်ကြီးရွယ်အို အဘိုးအိုတယောက် တိုက်ခိုက်ခံရပြီးတဲ့နောက် ဒဏ်ရာတွေရခဲ့ပြီး အိမ်မှာ ပြန်ကျန်းမာလာခဲ့ပေမဲ့ ဒေသခံတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကြားမှာ တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။
တိုက်ခိုက်မှုရဲ့ နောက်ကွယ်က အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးသလို ဘယ်သူ့ကိုမှ ဖမ်းဆီးထားတာ မရှိသေးပါဘူး။
Source: Reuters