Home
နိုင်ငံတကာ
စပိန်နွားရိုင်းလိုက်ပွဲ “ပါလက်စတိုင်းလွတ်မြောက်ပါစေ” ကြွေးကြော်သံဖြင့် ဖွင့်လှစ်
DVB
·
July 7, 2025
Photo: REUTERS / JULY 7TH PRODUCTION

စပိန်နိုင်ငံက ကမ္ဘာကျော် San Fermin နွားရိုင်းလိုက်ပွဲကို ဒီတနှစ်မှာတော့ ထူးထူးခြားခြား “ပါလက်စတိုင်းလွတ်မြောက်ပါစေ” ကြွေးကြော်သံတွေနဲ့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ဇူလိုင် ၆ ရက်ကနေ ၁၄ ရက်အထိ ပမ်ပါလိုနာမြို့မှာ ကျင်းပနေတဲ့ ဒီပွဲမှာ ချူပီနာဇိုလို့ ခေါ်တဲ့ မီးရှူးမီးပန်းတွေ ပစ်ဖောက် မဖွင့်လှစ်မီမှာ ပါလက်စတိုင်းရေးလှုပ်ရှားသူတယောက်ကို စကားပြောခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ရိုးရာ အဖြူရောင်ဝတ်စုံ၊ အနီရောင်ပဝါပတ်ထားတဲ့ ပွဲတော်လာတွေ စုဝေးနေချိန်မှာ Yala Nafarroa por Palestina အဖွဲ့ဟာ မီးရှူးကို မီးညှိပြီးတော့ ပွဲကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

တပတ်ကြာ ဒီပွဲရဲ့ အဓိကဆွဲဆောင်မှုက နွားရိုင်းလိုက်ပွဲဖြစ်ပြီး ၈၇၅ မီတာရှည်တဲ့ ပြေးလမ်းပေါ်မှာ နွားရိုင်းတွေ လိုက်တာကို ထွက်ပြေးကြရတာ ဖြစ်ပါတယ်။

ကိုယ်တိုင်ဝင်ပြေးသူရော၊ ဘေးကရပ်ကြည့်သူတွေနဲ့ပါ အထူးစည်ကားတဲ့ပွဲ ဖြစ်သလို တခြားပျော်ပွဲရွှင်ပွဲတွေလည်း ပါဝင်တာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ထားနိုင်တဲ့ ရိုးရာပွဲတခု ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013