Home
မြန်မာသတင်း
နှစ်ပေါင်း ၁၅၀ နှစ်ပြည့် ကရင်နီအမျိုးသားနေ့ကျင်းပ
DVB
·
June 21, 2025
Photo : CTER- Karenni, KnNC
Photo : CTER- Karenni, KnNC
Photo : CTER- Karenni, KnNC
Photo : CTER- Karenni, KnNC
Photo : CTER- Karenni, KnNC
Photo : CTER- Karenni, KnNC
Photo : CTER- Karenni, KnNC
Photo : CTER- Karenni, KnNC
Photo : CTER- Karenni, KnNC
k6
k5
k4
Photo : CTER- Karenni, KnNC
Photo : CTER- Karenni, KnNC
Photo : CTER- Karenni, KnNC

နှစ် ၁၅၀ ပြည့် ကရင်နီအမျိုးသားနေ့ကို ဇွန် ၂၁ ရက် ဒီနေ့ ကရင်နီဒုက္ခသည်စခန်း ၁ မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ CTER- Karenni ဆီက သိရပါတယ်။

ဒီအခမ်းအနားမှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ဥက္ကဋ္ဌ ခူးဦးရယ်၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့် အပါအဝင် မဟာမိတ်ခေါင်းဆောင်တွေ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပါတီ ဗဟိုကော်မတီတွေ တက်ရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက “ရှားတောဘက်မှာလည်း လုပ်ကြတယ်။ တခြားနေရာမှာလည်း နီးစပ်ရာ ပွဲအသေးလေးတွေတော့ လုပ်ကြတယ်။ စစ်ရေးအရရယ်၊ တိုက်ပွဲအခြေအနေတွေကြောင့် အကြီးအကျယ်လုပ်ရတာမျိုးတော့ သိပ်မရှိဘူး” လို့ ပြောပါတယ်။

ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်တို့မှာလည်း နီးစပ်ရာအလိုက် ပွဲအသေးစားတွေ ပြုလုပ်ကြတယ်လို့ သိရပါတယ်။

၁၈၇၅ ခုနှစ် ဇွန် ၂၁ ရက်နေ့မှာ ဗြိတိသျှအင်ပါယာနဲ့ ကင်းဝန်မင်းကြီးတို့က ကရင်နီပြည်ရဲ့ လွတ်လပ်စွာတည်ရှိမှုကိုလက်ခံပြီး စာချုပ်ချုပ်ဆိုခဲ့တဲ့နေ့ကို ကရင်နီအမျိုးသားနေ့လို့ သတ်မှတ် ကျင်းပလာခဲ့တာ နှစ်ပေါင်း ၁၅၀ တိုင် ရှိနေပြီဖြစ်ပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကလည်း ကရင်နီအမျိုးသားနေ့ကို ကြိုဆိုဂုဏ်ပြုပြီး ကရင်နီအမျိုးသားတွေရဲ့ မြင့်မြတ်တဲ့ ဂုဏ်သိက္ခာနဲ့ သမိုင်းကြောင်းမညှိုးနွမ်းစေဖို့ သက်သေထူရင်း ပြည်သူနဲ့ တသားတည်းရပ်တည်နေကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013