
တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသားတယောက် ဆွဲကြိုးချ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ မြိုခံတွေနဲ့ နာရေးကူညီမှုအသင်းဆီမှ သိရပါတယ်။
ဇွန် ၉ ရက်နေ့၊ မနက် ၅ နာရီခွဲဝန်းကျင်က မြိတ်မြို့၊ ကလွင်ရပ်၊ ရွှေပါရီဘုန်းကြီးကျောင်းအနီး တံတားမှာ အမျိုးသားတယောက် ဆွဲကြိုးချ သေဆုံးနေတာကို တွေ့ရတယ်လို့ မြို့ခံတွေနဲ့ နာရေးကူညီမှုအသင်းဆီမှ သိရပါတယ်။
ပရဟိတသမားတယောက် ပြောတာက “ကျနော်တို့ deadbody ကို ကြည့်ပြီး ခန့်မှန်းရသလောက် သေဆုံးချိန်က ၄ နာရီလောက်ပဲ ရှိအုံးမယ်။ ကြိုးဒဏ်ရာကလွဲပြီး တခြား ထိခိုက်မှုတစုံတရာ မတွေ့ရဘူး”လို့ ပြောပါတယ်။
သေဆုံးသူဟာ အနေအထိုင်အေးသူဖြစ်ကာ သူငယ်ချင်းအပေါင်အသင်းပေါ် အရမ်းခင်တွယ်တတ်ပြီး သူ အခုလို သေဆုံးတာနဲ့ပတ်သက်ပြီး အသေးစိတ်မသိရဘူးလို့ သူငယ်ချင်းဖြစ်သူတွေက ပြောပါတယ်။
သူငယ်ချင်းဖြစ်သူ တယောက်က “သူ စိတ်ဓာတ်ကျတော ၁ လကျော်လောက်ရှိပြီ။ တော်ရုံနဲ့ ဖွင့်မပြောတတ်ဘူး။ စိတ်ဓာတ်ကျနေတာပဲ ပြောတာ။ ကျန်းမာရေးလည်း သိပ်မကောင်းဘူး။ စိတ်ထားတော့ တော်တော်ကောင်းတဲ့ ကိုကြီးဗျ”လို့ ပြောပါတယ်။
အသက် ၂၉ နှစ်အရွယ် သေဆုံးသူ မောင်ပြည့်စုံစိုးဟာ မြိတ်မြို့၊ ကလွင်ရပ်ကွက်မှာ နေထိုင်ကာ မြိတ်နည်းပညာတက္ကသိုလ်ရဲ့ ကျောင်းသားဟောင်း တယောက်လည်း ဖြစ်တယ်လို့ သူငယ်ချင်းတွေဆီက သိရပါတယ်။
သေဆုံးသူကို ၅/၁၀၀ စစ်ဆေးရုံမှာ စစ်ချက်ယူခဲ့ပြီး ဇွန် ၁၁ ရက်နေ့မှာ ကလွင်သင်္ချိုင်းကို ပို့ဆောင်သင်္ဂြိုဟ်မယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီမက သိရပါတယ်။