Home
မြန်မာသတင်း
အငြိမ်းစားဗိုလ်မှူးချုပ်ဟောင်း ပစ်သတ်ခံရမှုဖြင့် ဖမ်းဆီးခံရသူများတွင် အပြစ်မရှိဟု မြို့ပြပြောက်ကျားအဖွဲ့ ပြော
DVB
·
June 6, 2025

အငြိမ်းစားသံအမတ် ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို သေနတ်နဲ့ ပစ်ခတ်မှုနဲ့ စွပ်စွဲပြီး ဖမ်းဆီးခံထားရတဲ့ ၆ နှစ်သမီး အပါအဝင် ၁၆ ယောက်ဟာ အမှုနဲ့မသက်ဆိုင်တဲ့ အပြစ်မဲ့ ပြည်သူတွေသာ ဖြစ်တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့ Golden Valley Warriors က တုံ့ပြန်လိုက်ပါတယ်။

မြို့ပြပြောက်ကျားအဖွဲ့ Golden Valley Warriors က ရန်ကုန်၊ မရမ်းကုန်းမြို့နယ်မှာ အငြိမ်းစားဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို မေ ၂၂ ရက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

Golden Valley Warriors တပ်ဖွဲ့ဝင်တယောက်က “ကျနော်တို့ ထူးထူးခြားခြား ဖြေဆိုစရာ မရှိပါဘူး။ အပြစ်မဲ့ပြည်သူတွေကိုပဲ စာနာ သနားမိပါတယ်။ ရဲဘော်တွေအားလုံး လုံခြုံဘေးကင်းကြောင်း ကျနော်တို့ ပြောထားပြီးဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

ပစ်ခတ်ရာမှာသုံးတဲ့ စက်ဘီးကို သုံးဘီးတစီးပေါ် တင်ဆောင်သွားတာကို သိရလို့ စုံစမ်းရာမှာ သုံးဘီးမောင်းသူ ကိုစန်းထက်အောင် (ခ) ပဲခူးသား (၄၀ နှစ်) ကို မြောက်ဥက္ကလာပမြို့နယ်က သူ့ရဲ့အိမ်မှာ စက်ဘီးနဲ့အတူ ဖမ်းမိပြီး ထောက်ပို့လုပ်ခဲ့တဲ့ ကိုဝင်းသူ (ခ) ကုလားလေး (၃၉ နှစ်) ကိုလည်း မြောက်ဥက္ကလာပမြို့နယ်က သူ့အိမ်မှာ ဖမ်းမိတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် ကွဲလွဲတာတွေ ရှိနေတာကို တွေ့ရပြီး ကြုံရာငှားစီးခဲ့သမျှ တက္ကစီ၊ ဘေးတွဲ၊ ဆိုင်ကယ်တက္ကစီ၊ အဝေးပြေးယာဉ်မောင်း မှန်သမျှကို တရားခံလုပ်ထားတာ၊ ၆ နှစ်အရွယ် ကလေးငယ်ကိုပါ တရားခံလုပ်ပြီးတော့ တော်လှန်ရေးဘက်တော်သားတွေကို ကြောက်စိတ်ဝင်အောင် ခြိမ်းခြောက်တာ၊ ဖြစ်စဉ်ပုံပါ CCTV ထဲက စက်ဘီးမှာ ငွေရောင် ဘက်ထရီ ၂ လုံးတပ် ဖြစ်ပေမဲ့လည်း စစ်ကောင်စီ ထုတ်ပြန်ချက်မှာ အဖြူရောင် ဘက်ထရီ ၃ လုံးတပ် စက်ဘီးဖြစ်နေတာ၊ CDM တွေကိုပါ ခြိမ်းခြောက်ချင်တဲ့အတွက် တရားခံစာရင်းထဲ ထည့်ထားတာ၊ ဖြစ်စဉ်အနီးက ဆောက်လုပ်ရေးဆိုက်တွေထဲက အလုပ်သမားတွေကိုပါ တရားခံစာရင်း သွင်းထားတာတွေ တွေ့ရတယ်လို့ Golden Valley Warriors အဖွဲ့က ထောက်ပြခဲ့ပါတယ်။.

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013