Home
မြန်မာသတင်း
နေပြည်တော်နှင့် ရွှေဘိုတွင် Online game လောင်းကစားသူ ၁၉ ဦး ဖမ်းမိ
DVB
·
June 5, 2025

နေပြည်တော်နဲ့ ရွှေဘိုမြို့မှာ ဇွန် ၄ ရက်က Online Game လောင်းကစားတဲ့  ဒိုင် ၃ ယောက်နဲ့ ဝန်ထမ်း ၁၆ ယောက်ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

မနေ့က စစ်ကောင်စီတပ်နဲ့ ရဲတွေက ရွှေဘိုမြို့နယ်၊ အမှတ် ၁၀ ရပ်ကွက်၊ တပ်မြို့တောင်ရပ် ၇ လမ်းမှာ နေထိုင်တဲ့ ကိုနေဇင်ဝင်းနဲ့ မသဲဖြူထွန်းတို့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဝန်ထမ်း ၁၆ ယောက်ကို Slot game လောင်းကစားပြုလုပ်ရာမှာ အသုံးပြုတဲ့ ကွန်ပျူတာ၊ ဖုန်း၊ ငွေတွေနဲ့ ဖမ်းမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

“ဂိမ်းတွေကြောင့် လုယက်မှုတွေ၊ ခိုးမှုတွေ ဖြစ်လာလို့ မြို့ခံတွေက တိုင်လို့ ဖမ်းတာ၊ ပိုင်ရှင် လင်မယားရယ်၊ ဝန်ထမ်းက ယောကျ်ား ၂ ယောက်၊ မိန်းကလေး ၁၄ ယောက်၊ စုစုပေါင်း ၁၈ ယောက် မိတယ်။ အခု အကုန်လုံးကို လောင်းကစားပုဒ်မနဲ့ အမှုဖွင့်ထားတယ်။”

လက်ရှိ ရွှေဘိုမြို့မရဲစခန်းမှာ ပြစ်မှုကျူးလွန်သူ ကိုနေဇင်ဝင်းနဲ့ မသဲဖြူထွန်းတို့ကို ပုဒ်မ ၁၈(က)၊ ပုဒ်မ ၁၉(က) နဲ့ အမှုဖွင့်ထားပြီး ဝန်ထမ်း ၁၆ ယောက်ကို ပုဒ်မ ၁၉(က) နဲ့ အမှုဖွင့် စစ်ဆေးနပါတယ်။

အလားတူ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာမှာ ဇွန် ၃ ရက်က Zing Gyi Betting အမည်နဲ့ Online Slot game ဒိုင်ဖြစ်သူ သန့်ဇင်ကိုကို ကို ရဲတွေက ဖမ်းမိခဲ့ပြီး ဝန်ထမ်းတွေကိုတော့ ဖမ်းဆီးရမိတာ မရှိဘူးလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“မနက်အစောကြီး အိမ်ကို ပြန်လာတဲ့အချိန် သိုက်ချောင်းမှာ မိတာ၊ သူလည်း ဒိုင်ပဲ၊ ဝန်ထမ်းတွေနဲ့ ဘယ်မှာ လုပ်ငန်းဖွင့်ထားတယ် ဆိုတာ စစ်ဆေးနေတယ်၊ သူ့ကိုလည်း ပုဒ်မ ၁၈ နဲ့ရော ပုဒ်မ ၁၉(က) ပါ ဖွင့်ထားတာ။”

ဇန်နဝါရီ ၂၉ ရက်ကလည်း လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ FMI CITY အိမ်ရာမှာ TTbet Online Game လောင်းကစားလုပ်ငန်း လုပ်ကိုင်သူ အမျိုးသား ၂၄ ယောက်နဲ့ အမျိုးသမီး ၄၇ ယောက်ကို လုပ်ငန်းလုပ်ကိုင်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024