
ထိုင်ဝမ်စစ်တပ်ပိုင် အမျိုးသား ကျုံးရှန်း သိပ္ပံနဲ့ နည်းပညာတက္ကသိုလ် (NCSIST) ဟာ အမျိုးသား ကျုံးကျန်း တက္ကသိုလ်နဲ့ နားလည်မှုစာချွန်လွှာ (MOU) ကို ဇွန် ၃ ရက်က လက်မှတ်ရေးထိုး ခဲ့ပါတယ်။
လာမယ့်နှစ်ကစပြီး ၅ နှစ်အတွင်းမှာ အစိုးရက ဒရုန်းလုပ်ငန်းရဲ့ သုတေသနနဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက်သာမက စက်မှုလုပ်ငန်း ထောက်ပံ့ရေး ကွင်းဆက်တခုလုံးရဲ့ မဟာဗျူဟာမြောက် ပုံစံအတွက်ပါ ဘတ်ဂျက်ငွေ ထိုင်ဝမ်ဒေါ်လာ ၃၀ ဒသမ ၄ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁ ဘီလီယံ) နီးပါး ရင်းနှီးမြှုပ်နှံသွားမယ်လို့ NCSIST ရဲ့ အကြီးအကဲ လီရှိချန်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထိုင်ဝမ်အစိုးရဟာ ထိုင်ဝမ်ကုမ္ပဏီတွေကို ထိပ်တန်းဦးစားပေးအဖြစ် ဂြိုဟ်တုတွေ၊ ဒရုန်းတွေနဲ့ စက်ရုပ်တွေ ပိုမိုတည်ဆောက်ရေး တွန်းအားပေးမယ့် “Chips Team Taiwan” လို့ နာမည်ပေးထားတဲ့ ပဏာမ ခြေလှမ်းအသစ်ကို မိတ်ဆက်ခဲ့ပါတယ်။
ထိုင်ဝမ်ဟာ အရင်က မောင်းသူမဲ့လေယာဉ်တွေအတွက် အာရှထုတ်လုပ်မှု ဗဟိုချက်ဖြစ်လာဖို့ ရည်မှန်းချက်ထားခဲ့တာပါ။
လုံလောက်တဲ့ ဒရုန်းထောက်ပံ့ရေး ကွင်းဆက်ကို အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စစ်တပ်နဲ့ တွဲဖက်လုပ်ဆောင်ဖို့ ထိုင်ဝမ်အစိုးရဟာ ထိုင်ဝမ် စီးပွားရေးလုပ်ငန်းသုံး ဒရုန်း ထုတ်လုပ်သူတွေကို စုဆောင်းနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
Source:Reuters