Home
မြန်မာသတင်း
မန္တလေး Cowboy Bar မီးလောင်ပြီး အမျိုးသမီး ၄ ဦးသေဆုံး
DVB
·
May 28, 2025
Photo: မန္တလေးမီးသတ်တပ်ဖွဲ့
Photo: မန္တလေးမီးသတ်တပ်ဖွဲ့
Photo: မန္တလေးမီးသတ်တပ်ဖွဲ့
Photo: မန္တလေးမီးသတ်တပ်ဖွဲ့
Photo: မန္တလေးမီးသတ်တပ်ဖွဲ့
Photo: မန္တလေးမီးသတ်တပ်ဖွဲ့

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၇၇ လမ်း၊ ၃၄ လမ်း x ၃၅ လမ်းကြားက Cowboy Bar မှာ မေ ၂၈ ရက် ဒီမနက် ၉ နာရီ မိနစ် ၄၀ ကျော်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရုပ်အလောင်း ၄ ခု ရှာတွေ့ခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မီးလောင်မှုသတင်းကို မနက် ၉ နာရီခွဲလောက်က သက်ဆိုင်ရာ မီးသတ်ဌာနနဲ့ အရပ်ဘက်အသင်းတွေက လက်ခံရရှိပြီးနောက် ၁၀ မိနစ်ကျော်အကြာမှာ သွားရောက် ငြှိမ်းသတ်ခဲ့တာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ရောက်တော့ မီးညွန့်က ကျိုး‌နေပါပြီ။ အတွင်းက DB (ရုပ်အလောင်း) ၄ ခုက ဘယ်သူဘယ်ဝါတော့ မ‌သိရသေးဘူး။ လောင်တာတော့ ဘားတခုလုံးပဲ။ မနက်ပိတ်ထားချိန်မှာ ဖြစ်တာလို့ပဲ သိထားရတယ်။ ကျန်တဲ့ အသေးစိတ်က မီးသတ်ဦးစီးဘက်က စစ်ဆေးနေပါတယ်” လို့ ပြောပါတယ်။

မီးလောင်မှုအတွင်း ဘားအတွင်းရှိ ဆိုင်သုံးပစ္စည်းတွေနဲ့ နံရံတွေ ပျက်စီး လောင်ကျွမ်းသွားခဲ့သလို အမျိုးသမီးရုပ်အလောင်း ၄ လောင်းကိုလည်း မီးလောင်ဒဏ်ရာတွေနဲ့ တွေ့ရှိခဲ့တာကြောင့် မန္တလေးဆေးရုံကြီး ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

သက်ဆိုင်ရာအဖွဲ့တွေက ရုပ်အလောင်းတွေကို စစ်ဆေးနေဆဲဖြစ်တာကြောင့် နာမည်နဲ့ အသက် အတည်ပြုချက်ကို မသိရသေးသလို မီးလောင်မှုအကြောင်းအရင်းအမှန်နဲ့ ပျက်စီးမှုတန်ဖိုး အသေးစိတ်ကို မြို့နယ်မီးသတ်က တွက်ချက်နေဆဲ ဖြစ်ပါတယ်။

မီးလောင်မှုနေရာကို ချမ်းအေးသာစံမြို့နယ် မီးသတ် အပါအဝင် အရပ်ဘက်အသင်းယာဉ်တွေနဲ့ လာရောက်ငြှိမ်းသတ်ခဲ့တာကြောင့် မနက် ၁၀ နာရီ ၈ မိနစ်လောက်မှာ မီးငြိမ်းသွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013