Home
အားကစား
အယ်လ်နာဆာတွင် မပျော်မရွှင်ဖြစ်နေသည့် ရော်နယ်ဒို အသင်းပြောင်းရွှေ့ဖွယ်ရှိ
DVB
·
May 27, 2025
Photo: Reuters

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှာ မပျော်မရွှင်ဖြစ်နေတဲ့ စီရော်နယ်ဒိုဟာ တခြားအသင်း တသင်းဆီ ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။

အသက် ၄၀ နှစ်ရှိ ပေါ်တူဂီတိုက်စစ်မှူးဟာ မေ ၂၇ ရက်က ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ် နောက်ဆုံးပွဲစဉ်မှာ တဂိုးထပ်သွင်းနိုင်ခဲ့ပေမဲ့ အယ်လ်ဖာတက်ချ်အသင်းကို ၂ ဂိုး ၃ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဆော်ဒီလိဂ် အဆင့် ၃ နေရာနဲ့ ရာသီသိမ်းခဲ့တဲ့ အယ်လ်နာဆာအတွက် လိဂ်သွင်းဂိုးစုစုပေါင်း ၂၅ ဂိုး သွင်းခဲ့ပြီး ၂ နှစ်ဆက်တိုက် ဂိုးသွင်းအများဆုံးဆု ရရှိခဲ့ပေမဲ့ အသင်းလိုက် အောင်မြင်မှုမရသေးတဲ့အပေါ်  စိတ်ပျက်လက်ပျက် ဖြစ်နေတာပါ။

ဆော်ဒီလိဂ်ပြိုင်ပွဲအပြီးမှာ အခန်းကဏ္ဍတခု ပြီးဆုံးသွားပြီဖြစ်ပြီး သမိုင်းစာမျက်နှာ ဆက်လက်ရေးသားနေဆဲဖြစ်ကြောင်း တွစ်တာစာမျက်နှာမှာ ရေးတင်ခဲ့ပြီးနောက် အနာဂတ်နဲ့ ပတ်သက်လို့ ခန့်မှန်းသုံးသပ်ချက်တွေ ပိုမို ကျယ်လောင်လာခဲ့တာပါ။

အယ်လ်နာဆာအသင်းက ကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲ ဝင်ပြိုင်ခွင့်မရှိပေမဲ့ စီရော်နယ်ဒိုကို ပြိုင်ပွဲကစားမယ့် တခြားကလပ်အသင်းတသင်းက အငှားခေါ်ယူဖို့ ဆွေးနွေးနေတာကြောင့် ကမ္ဘာ့ကလပ်ပွဲမှာ ပါဝင်ကစားနိုင်ကြောင်း ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013