Home
နိုင်ငံတကာ
ကော်စတာရီကာတွင် ထောင်တွင်း မူးယစ်ဆေးခိုးသွင်းသည့် ကြောင် ၁ ကောင် ဖမ်းမိ
DVB
·
May 19, 2025
Photo: COSTA RICAN MINISTRY OF JUSTICE AND PEACE VIA FACEBOOK

ကော်စတာရီကာနိုင်ငံ၊ ပေါ့ကိုစီ အကျဉ်းထောင်ထဲကို ညဘက်ကြီး မူးယစ်ဆေးခိုးသွင်းတဲ့ ကြောင်ကလေးကို တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်ပါတယ်။

ထောင်ထဲက စိမ်းလန်းဧရိယာမှာ အဖြူနဲ့အမည်းကွက် ကြောင်လေးတကောင် ပြေးလွှားနေတာကို ထောင်တာဝန်ရှိသူတွေ သတိထားမိခဲ့ပါတယ်။

ဘယ်ကမှန်းမသိတဲ့ ဒီကြောင်လေးကို ဖမ်းကြည့်တော့မှ ကျောမှာ မူးယစ်ဆေးထုပ် ၂ ထုပ်ကို  ခန္ဓာကိုယ်နဲ့ တသားတည်းဖြစ်ပြီး ကပ်နေအောင် ထုပ်ပိုးသယ်ဆောင်လာတာ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဆေးခြောက် ၂၃၅ ဒသမ ၆၅ ဂရမ်၊ ကိုကိန်းခဲအနှစ် (crack paste) ၆၇ ဒသမ ၇၆ ဂရမ်နဲ့ လိပ်သောက်ဖို့ စက္ကူနှစ်ချပ် ပါဝင်ပါတယ်။

မူးယစ်ဆေးတွေ သိမ်းဆည်းလိုက်ပေမဲ့ ကြောင်ကလေးကိုတော့ ကျန်းမာရေးစစ်ဆေးဖို့ အမျိုးသားတိရစ္ဆာန်ကျန်းမာရေးဌာနကို လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။

ဒီကြောင်ကလေးကတော့ “နာကိုမီချီ” (မူးယစ်ကြောင်ကလေး) ဆိုပြီး လူမှုကွန်ရက်မှာ နာမည်ကြီးနေပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013