Home
မြန်မာသတင်း
မော်တင်စွန်းတွင် ယတြာချေရန်  သံဃာအပါး ၂၀၀ ပင့်ဆောင်
DVB
·
May 14, 2025

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့မှာရှိတဲ့ သံဃာတော်အပါး ၂၀၀ ကို ယတြာချေဖို့ဆိုပြီး စစ်ကောင်စီခန့် တိုင်းမှူးက ပုသိမ်မြို့နယ် မော်တင်စွန်းဘုရားကို မေ ၁၄ ရက်မှာ ပင့်ဆောင်ထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်းမှာ တိုက်ပွဲတွေဖြစ်မှာကို စိုးရိမ်တာကြောင့် ယတြာအမျိုးမျိုး ချေနေတယ်လို့ ဒေသခံက ဆိုပါတယ်။

ကျုံပျော်ဒေသခံတယောက်က “ဧရာဝတီတိုင်း တိုင်းမှူး တင်မောင်ဝင်း ကိုယ်တိုင် ခေါ်တာ၊ မေလ ၁၄ ရက်နေ့ ဒီကနေ့ နေ့လယ် ၁ နာရီ စထွက်ရမယ်။ ကားတွေစီစဉ်ပြီးတော့ သံဃာတော်တွေ စုနေတယ်။ မော်တင်စွန်းဘုရားမှာ ယတြာချေရမယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်းမှာ အာရက္ခတပ်တော် (AA) နဲ့ PDF တွေ ဝင်လာမှာကို စိုးရိမ်တဲ့အတွက်ကြောင့် ယတြာချေတာကို အမျိုးမျိုးပြုလုပ်နေပြီး သံဃာတော်တွေကို ပင့်ဆောင်နေတာလို့ဆိုပါတယ်။

​ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်ကလည်း စစ်ကောင်စီခန့် ဧရာဝတီတိုင်း တိုင်းမှူး တင်မောင်ဝင်းက တိုင်းရဲတပ်ဖွဲ့မှူး တင်ဇော်ထွန်းကို ခေါ်ပြီး မော်တင်စွန်းဘုရားမှာ ယတြာချေခဲ့ သေးတယ်လို့ မော်တင်စွန်းဒေသခံတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013